ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ အမှတ် ၄ အခြေခံပညာမူ လတန်းကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး စက်တင်ဘာ ၂၃ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အာ ၃၅ ဦးဖြင့် စနေနေ့အထူးစုပေါင်း လုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်းရှိ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများအတွင်းရှိအမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့်နေရာ များနှင့်စာသင်ခန်းများအတွင်းခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းတို့ကို စုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။
ယဉ်မွန်