နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကျန်းမာရေး ဝန်ကြီးဌာနသည် ကျောင်းကျန်းမာရေး ကျောင်းသား၊ ကျောင်းသူများ ရောဂါဘယကင်းရှင်းရေးအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုများကို ၁၉၉၆ ခုနှစ်ကတည်းက ဆောင် ရွက်လျက်ရှိသည်။

အခြေခံပညာကျောင်းများသည် လူမှုအဖွဲ့အစည်း၏ အခြေခံကျသော ဌာနဖြစ်ပေရာ ကျောင်းများတွင် လူငယ်များ မိသားစုတစ်စုနှင့်တစ်စု၊ မတူညီအကျင့်စရိုက်ဖလှယ်ကြသော နေရာလည်းဖြစ်ရာ ကျောင်းများမှ လူငယ်များပြုစုပျိုးထောင် ပေးခြင်း နိုင်ငံတော်တွင် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ ကျောင်းတွင်းကျန်မာရေးလုပ်ငန်းစဉ်ငါးရပ်ဖြစ် သော ဝန်းကျင်သန့်ရေး၊ စစ်ဆေးကျန်းမာ၊ ရောဂါကုလျှက်၊ ကူးစက်ကာကွယ်၊ အာဟာရဖွံ့ဖြိုးတိုးတက်စရာ၊ ပညာပေး မှုသုတေသနပြုပေါင်းစုကျောင်းကျန်းမာဟူသော ဆောင်ပုဒ် နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီဌာနနှင့် တိုင်း ဒေသကြီး ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ ၂၁ ရက်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အသက်ကိုးနှစ်ပြည်ပြီး ၁၂ နှစ် မကျော်သော ကျောင်းသူများ ကို ကျောင်းအခြေပြု ထိုးနှံပေးလျက်ရှိသကဲ့သို့ ရန်ကုန် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ဇနီး ဒေါ်မော်မော်သန်းနှင့်အဖွဲ့ဝင်များက ဖြည့်စွက်အာဟာ ရမုန့် ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများ ပေးဝေကြသည်။ ကျန်းမာရေးဟုဆိုရာတွင် ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန်ရရှိရေး၊ အသက်အရွယ်နှင့်လိုက်လျော ညီထွေရှိသော အာဟာရ၊ ကျောင်းတွင်းအာဟာရ တိုက်ကျွေး ရေးကို ပြုလုပ်ရမည်ဖြစ်သည်။

ကျောင်သား၊ ကျောင်းသူလူငယ်လူရွယ်များအား ကျန်းမာ သန်စွမ်းပြီး ဗလငါးတန်နှင့် ပြည့်စုံ၍ ပညာရေးတွင် ထူးချွန် သည် လူငယ်လူရွယ်များဖြစ်လာစေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Sun Jin Myanmar Company တို့ပူးပေါင်းရန် ကျောင်းသား၊ကျောင်း သူများအား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခြင်းကို စက်တင် ဘာ ၂၃ ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်ခန့်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အာဟာရ ပြည့်နွားနို့နှင့် ကြည်ဥများအသီးသီး ပေးအပ်ကြသည်။

ဤမွန်မြတ်သောလုပ်ငန်းတွင် အနာဂတ်နိုင်ငံတော်တွင် ကိုယ်ခန္ဓာကြံ့ခိုင်သော မြန်မာလူမျိုးဖြစ်ရေး အာဟာရပြည့်ဝသော နွားနို့သောက်သုံးသည့် အလေ့အကျင့်ဖြစ်ရေး အာဟာရ မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ