လသာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စက်တင်ဘာ ၂၃ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၅၄ ဦးဖြင့် အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုဌာန (ဒေါ်ပုဆောင်) ဝင်းနှင့် နှလုံးကုသဆောင်အကြားတွင် စုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ဆေးရုံဝင်းအတွင်းရှိ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ အုပ်မိုး ကိုင်းများ ရှင်းလင်းခြင်း၊ တွယ်ကပ်ပင်များရှင်းလင်းခြင်း၊အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်း ဖွင့်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေး မှုတ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်း လင်းခြင်း၊ ထွက်ရှိအမှိုက်များအား ယာဉ်နှစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့အား စုပေါင်း လုပ်အားပေးဆောင်ရွက်ကြစဉ်။
ကျော်သူထက်