တာမွေမြို့နယ် သန့်ရှင်းသာယာသပ်ရပ်စေရေး စက်တင်ဘာ ၂၃ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၆၀ ဦးဖြင့် တာမွေလေးရပ်ကွက်၊ ပင်ရွှေညောင် လမ်း (ပင်ရွှေညောင်လမ်းသွယ်မှ မွန်မြတ်မေတ္တာအိမ်ရာ ဂိတ် ၁ အထိ) တွင် စနေအထူးစုပေါင်း လုပ်အားပေးဆောင်ရွက်ကြရာ လမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ဆက်သွယ် ရေးကြိုးများ စစ်ဆေးနေရာချခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး Backhoe ယန္တရားယာဉ်အသုံးပြု၍ အုတ်ရေမြောင်းအတွင်း ပိတ်ဆို့နုန်းအမှိုက်များနှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိ အမှိုက်နှင့် မြောင်းချေးများအား ယာဉ်နှစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်နေအိမ်များတွင် အဘိတ်ဆေးခတ်ခြင်းတို့အား စုပေါင်း လုပ်အားပေးဆောင်ရွက်ကြစဉ်။
ယဉ်မွန်