ရန်ကုန်၊ စက်တင်ဘာ ၂၃
ပြည်တွင်းရှိ ပဲမျိုးစုံဈေးကွက်အတွင်းတွင် မြေပဲလုံးဆန် ဈေးနှုန်း များမှာ ပေါ်ခါစ အခြေအနေထက် ဈေးကျဆင်းနေကြောင်း မကွေးကုန်စည်ဒိုင်တွင် ရောင်းဝယ်လုပ်ကိုင်နေသည့် ကုန်သည်များထံမှ သိရသည်။
လက်ရှိကာလတွင် မြေပဲလုံးဆန်အနီမှာ တစ်ပိဿာလျှင် ၈၄၀၀ ကျပ်ဝန်းကျင်ရှိနေပြီး မြေပဲလုံးဆန်အဖြူမှာ တစ်ပိဿာလျှင် ၆၈၀၀ ကျပ်ဝန်းကျင် ဈေးရှိနေကြောင်း၊ ထိုမြေပဲလုံးဆန်များကို တရုတ်သို့ အဓိကတင်ပို့လေ့ရှိပြီး ပို့ကုန်ဝယ်လက်များကလည်း ဝယ်လိုအား နည်းနေခြင်းကြောင့် ဈေးကျသည့်အပြင် အရောင်းအဝယ်မှာ အေးနေ သည့် အခြေအနေမျိုးဖြစ်ကြောင်း သိရသည်။
(HK)