ဂျေရုဆလင် စက်တင်ဘာ ၂၂
ဉာဏ်ရည်တုနည်းပညာ (AI) နှင့် အခြား ခေတ်မီစနစ်များတပ်ဆင်ထား သည့် ပင်မတိုက်ပွဲဝင်တင့်ကားသစ် တစ်မျိုးကို အစ္စရေးလ်ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက် တွင် ထုတ်ဖော်ပြသလိုက်သည်။
ဘာရက်ဟု အမည်ပေးထားသည့် တင့်ကားသစ်သည် အစ္စရေးတပ်မ တော်တွင် တာဝန်ထမ်းဆောင်နေ သည့် နာမည်ကျော် မာကာဗာပင်မ တိုက်ပွဲဝင်တင့်ကား၏ ပဉ္စမမြောက် မျိုးဆက်တင့်ကားလည်း ဖြစ်သည်။
ငါးနှစ်ကျော် ထုတ်လုပ်ခဲ့ရသည့် အဆိုပါတင့်ကားသစ်သည် ရန်သူ ဘက်က မတိုက်ခိုက်မီ ရန်သူ့ပစ်မှတ် များကို အမြန်ဆုံးချိန်ရွယ်ပစ်ခတ်နိုင် သည့် တင့်ကားဖြစ်ပြီး ထည့်သွင်း ထားသည့် AI စနစ်များသည် တင့်ကားတပ်ဖွဲ့ဝင်များ၏ အခြေ အနေကိုကြည့်ကာ ရုတ်ချည်းတုံ့ပြန် နိုင်စွမ်းရှိကြောင်း၊ ပစ်မှတ်ရှာဖွေ ဖော်ထုတ်မှုစွမ်းရည်လည်း ပိုမို မြင့်မားကြောင်း သိရသည်။
ဘာရက် ပင်မတိုက်ပွဲဝင်တင့် ကားကို အယ်လ်ဘစ်ကုမ္ပဏီ၊ ရာဖေး ကုမ္ပဏီ၊ အစ္စရေးလေယာဉ်ထုတ်လုပ် ရေး လုပ်ငန်းတို့နှင့်အတူ အစ္စရေးလ် သံချပ်ကာ ယာဉ်ညွှန်ကြားရေးမှူးရုံး၊ အစ္စရေးလ်တပ်မတော် ခြေလျင် တပ်ဖွဲ့နှင့် သံချပ်ကာတပ်ဖွဲ့တို့ပူးပေါင်း ပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်း ဖြစ်သည်။
အဆိုပါတင့်ကားကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင် မည်ဟု ခန့်မှန်းထားပြီး အစ္စရေးလ် တပ်မတော် သံချပ်ကာတပ်ရင်းများ တွင် တွဲဖက်အသုံးပြုမည်ဖြစ်ကာ တပ်ဖွဲ့ဝင်လေးဦး၊ အရာရှိတစ်ဦး၊ ယာဉ်မောင်းတစ်ဦး၊ သေနတ်သမား တစ်ဦးနှင့် ကျည်ဖြည့်စစ်သည်တစ်ဦး ပါရှိမည် ဖြစ်သည်။
(ref: Reuters)