နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြွက်သားဒဏ်ရာကြောင့် တိုက်စစ်မှူး မက်ဆီ လာမည့်ပွဲစဉ်များ လွဲချော်မည်

စက်တင်ဘာ  ၂၂


မေဂျာလိဂ် အမှတ်ပေးပြိုင်ပွဲ အဖြစ် အင်တာမီယာမီအသင်း နှင့်တိုရွန်တိုအသင်းတို့ ကစားခဲ့ သည့်ပွဲစဉ်တွင် အင်တာမီယာမီ အသင်းက လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း တိုက်စစ် မှူး မက်ဆီအနေဖြင့် ပထမပိုင်း ပွဲကစားချိန်အတွင်း ကြွက်သား ဒဏ်ရာရရှိခဲ့သဖြင့် လာမည့်ပွဲစဉ် များကို လွဲချော်မည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများက ပြော ကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူး မက်ဆီသည် ပွဲကစားချိန် ၃၇ မိနစ်အရောက်တွင် ကြွက်သား ဒဏ်ရာကြောင့် အသင်းဖော် ကစားသမား ရောဘတ်တေလာ နှင့်လူစားလဲခဲ့ရသည်။

ထို့ပြင် အသင်းဖော် ခံစစ် ကစားသမား ဂျော်ဒီအယ်ဘာသည် လည်း ဒဏ်ရာပြဿနာကြောင့် အနားယူရမည်ဖြစ်ပြီး နည်းပြ မာတီနိုအနေဖြင့် အသင်းလူစာရင်း အတွက် စိုးရိမ်လျက်ရှိသည်။ 

သူရိန်






အခြားဆက်စပ်သတင်းများ