နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းပင်လယ်ကွေ့တွင် ပင်လယ်ရေများ အစိမ်းရောင်ပြောင်းလဲ

ဘန်ကောက် စက်တင်ဘာ ၂၁
ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီ ခရိုင်အတွင်း ထိုင်းပင်လယ်ကွေ့တွင် မျောလှေးများ အဆမတန်ပွားများနေ ခြင်းကြောင့် ပင်လယ်ရေများပျစ်ချွဲ လာပြီး အစိမ်းရောင်အဖြစ် ပြောင်းလဲ လာကြောင်း သိရသည်။
သက်ရှိ မျောလှေးများသည် ငါး များနှင့် ဝေလငါးများ၏အစာဖြစ်သော် လည်း ပမာဏများလာပါက အဆိပ်သင့် စေနိုင်သည့်အပြင် သမုဒ္ဒရာရေထဲတွင် အောက်စီဂျင်ပြတ်လပ်စေသည့်အတွက် ငါးအပါအဝင် အခွံမာရေသတ္တဝါများ နှင့် အခြားရေသတ္တဝါများကို သေဆုံး စေနိုင်သည်။
လက်ရှိတွင် မျောလှေးများ ပြန့်ပွား နေသည့်နေရာသည် ထိုင်းပင်လယ် ကွေ့အပေါ်ပိုင်း လေးပုံတစ်ပုံအထိ ကျယ်ပြန့်နေပြီး ၎င်းတို့သည် ရေထဲရှိ အာဟာရ များအားလုံးကိုစားသုံးကာ အလင်းရောင်မရပါက သေဆုံးနိုင် ကြောင်း၊ သေဆုံးပြီးရုပ်ကြွင်းများ သည် ပင်လယ်ကြမ်းပြင်ထိနစ်မြုပ် သွားပြီးနောက် ဆွေးမြည့်ပျက်စီးသွား မည်ဖြစ် ကြောင်း သိရသည်။
ခရိုင်ကမ်းရိုးတန်းများရှိ ယောက် သွားမွေးမြူရေးလုပ်ငန်း ၂၆၀ ကျော်အနက် ၈၀ ရာခိုင်နှုန်းသည် မျောလှေများ၏ဒဏ်ကို ဆိုးရွားစွာ ခံနေရကြောင်း ချွန်ဘူရီငါးလုပ်ငန်း အသင်းအာဏာပိုင်များက ပြောသည်။
(ref:CNN)






အခြားဆက်စပ်သတင်းများ