နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Realme X3 နှင့် Realme X3 SuperZoom ကို မိတ်ဆက်

ဇွန် ၂၆


အွန်လိုင်းပွဲအနေဖြင့် ကျင်းပခဲ့သည့် Realme X3 မိတ်ဆက်ပွဲတွင် Realme X3 နှင့် Realme X3 SuperZoom ဟူ၍ မော်ဒယ်နှစ်မျိုး ရှိသည်။ Realme X3 Super Zoom ဗားရှင်းက ပြီးခဲ့သည့် မေလထဲကပဲ ဥရောပဈေးကွက်တွင် ဖြန့်ချိထားပြီး ရိုးရိုးမော်ဒယ် Realme X3 တွင် periscope ကင်မရာအစား 12MP telephoto ကင်မရာဖြင့် ထွက်လာသည်။ ဒီဇိုင်းချင်း တစ်ပုံစံတည်းဖြစ်ပြီး Dual Punch-hole ကင်မရာစနစ် သုံးထားသည်။


Realme X3 သည် 120Hz refresh rate ပါသည့် ၆.၆ လက်မ FHD+ LCD display ပါရှိပြီး ဖုန်းညာဘက်ဘေးဘောင် တွင် လက်ဗွေဖတ်စနစ် ထည့်သွင်းထားသည်။ dual punch-hole ထဲတွင် 16MP primary sensor နှင့် 8MP ultrawide ကင်မရာဆိုပြီး နှစ်လုံးတွဲကင်မရာပါရှိသည်။ 

Realme ၏ high-end ဖုန်းဖြစ်ပြီး processor ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထွက်ထားသည့် Qualcomm ၏ flagship processor ဖြစ်သည့် Snapdrgon 855+ SoC သုံးထားသည်။


RAM 6GB နှင့် 8GB နှစ်မျိုးထွက်ရှိလာပြီး 128GB UFS 3.0 storage ပါရှိသည်။ Android 10 ကို အခြေခံထားသည့် Realme UI သုံးထားသည်။ Realme X3 တွင် 30W fast charging အားသွင်းစနစ် ပံ့ပိုးထားသည့် 4200mAh ဘက်ထရီ ဖြင့်ထွက်ရှိလာသည်။ Realme X3 ကို အပြာရောင်နှင့် အဖြူရောင် ၂ မျိုးထွက်ရှိထားပြီး RAM 6GB/128GB storage ကို ၂၄၉၉၉ ရူပီး (မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) နှင့် RAM 8GB/128GB storage ဗားရှင်းကို ၂၅၉၉၉ ရူပီး (မြန်မာငွေ ၄ သိန်း ၈ သောင်းခန့်) ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


(WP)






အခြားဆက်စပ်သတင်းများ