နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်း လူငယ်ကစားသမား ဘလိတ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆို

စက်တင်ဘာ  ၂၀

ဘာစီလိုနာ အသင်းသည် အသင်းနှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးသည့် လူ ငယ် ခံစစ်ကစားသမား ဘလိတ် ကို လာမည့် ၂၀၂၈ ခုနှစ်အထိ သုံးနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ခံစစ်ကစားသမား ဘလိတ်သည် ယခုနှစ် ဘောလုံးရာသီ အမှတ် ပေးပြိုင်ပွဲ လေးပွဲစလုံး ပွဲထွက် ကစားခွင့်ရရှိခဲ့ပြီး နည်းပြ ဇာဗီ ၏ ကစားကွက်အောက်တွင် ပုံစံ ကောင်း ပြသနိုင်ခဲ့သောကြောင့် အသင်းအနေဖြင့် ကာလရှည် ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ် သည်။

လူငယ်ကစားသမား ဘလိတ် နှင့် ဘာစီလိုနာအသင်းတို့အကြား သဘောတူစာချုပ်တွင် သက် တမ်းတိုးစာချုပ်အတွက် ကစား သမားအနေဖြင့် လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိမည်ဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးကို ယူရို တစ်ဘီလီယံ သတ်မှတ်၍ လာ မည့်ရက်ပိုင်းအတွင်း အပြီးသတ် လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ဘာစီလိုနာအသင်း တာဝန် ရှိသူများက ခံစစ်ကစားသမား ဘလိတ်ကို သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် လူငယ်တိုက်စစ်မှူး ယာမယ်ကို လည်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိ ရသည်။                               

သူရိန်






အခြားဆက်စပ်သတင်းများ