နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေ့ပြောင်းဒုက္ခသည်အရေး အီတလီကို အီးယူ ကူညီမည်

ရောမ စက်တင်ဘာ ၁၉

ရွှေ့ပြောင်းဒုက္ခသည် အလုံးအရင်း ဝင်ရောက်မှုနှင့် ရင်ဆိုင်နေရသည့် အီတလီနိုင်ငံ လမ်ပေဒူဆာဒေသကို အီးယူက ကူညီမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က စက်တင်ဘာ ၁၈ ရက် တွင် ပြောသည်။

လမ်ပေဒူဆာဒေသကို ရွှေ့ပြောင်း ဒုက္ခသည် အများအပြားဝင်ရောက်နေ သည့် အရေးဖြေရှင်းပေးရန်ဒေသခံများ ၏တောင်းဆိုမှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာချိန်တွင် ဗွန်ဒါလီယန် သည် ယင်းဒေသသို့သွားရောက်ပြီး ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ် သည်။

ခရီးစဉ်အတွင်း ရွှေ့ပြောင်းဒုက္ခ သည်ပြဿနာနှင့် ရင်ဆိုင်နေရသည့် အီတလီကိုကူညီပေးမည့် အီးယူ၏ အစီအမံ ၁၀ ချက်ကိုလည်း ဖော်ထုတ် တင်ပြသွားပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်နှင့်အတူ အီတလီဝန်ကြီး ချုပ်မယ်လိုနီလည်း ခရီးစဉ်တွင်လိုက်ပါ သွားကြောင်း သိရသည်။

အီတလီနိုင်ငံကို ယခုနှစ်အတွင်း ရွှေ့ပြောင်းဒုက္ခသည် ၁၂၆,၀၀၀ ခန့် ရောက်ရှိလာပြီး ယင်းအရေအတွက် သည် ၂၀၂၂ ခုနှစ်ထက် နှစ်ဆပိုများကာ လမ်ပေဒူဆာကျွန်းတွင် ယခုတစ်ပတ် တွင်း ရောက်ရှိလာသည့် ရွှေ့ပြောင်း ဒုက္ခသည်အရေအတွက်သည် ၇,၀၀၀ ခန့်ရှိနေပြီး ကျွန်းတွင်နေထိုင်သည့် ဒေသခံအရေအတွက်ထက် ပိုများ နေပြီဖြစ်ကြောင်း သိရသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ