နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ မြို့အများစုတွင် အိမ်ခြံမြေဈေးများ ကျဆင်း

ပေကျင်း စက်တင်ဘာ ၁၈

တရုတ် အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းမှုသည် နိုင်ငံ တွင်း အဓိကလည်ပတ်နေသောစီးပွား ရေးလုပ်ငန်းအပေါ် ထိခိုက်လာပြီး စီးပွားရေးလုပ်ငန်းများ၏ သုံးပုံတစ်ပုံ နီးပါး ဆုံးရှုံးလာကြောင်း သိရသည်။

တရုတ်၏ နိုင်ငံ့စာရင်းအင်းဗျူရိုက ထုတ်ပြန်သော အချက်အလက်များအရ နိုင်ငံတစ်ဝန်း အိမ်ခြံမြေဈေးများ ကျဆင်းလာပြီး ဩဂုတ်လအတွင်း မြို့ကြီးများတွင် အိမ်အသစ်ဈေးနှုန်း ကျဆင်းသည့်အရေအတွက် ပိုများလာ ကြောင်း သိရသည်။

မြို့ကြီး ၇၀ တွင် ၅၂ မြို့သည် အိမ်ဈေးနှုန်းများ ကျဆင်းနေပြီး အိမ်ခြံ မြေကုမ္ပဏီကြီးများ၏ စီးပွားရေး အနေအထား ဆိုးဝါးလာခြင်းသည် တရုတ်စီးပွားရေးအတွက် အလွန် စိုးရိမ်ရသည့် အခြေအနေဖြစ်သော် လည်း အခြားစက်မှုထုတ်လုပ်ရေး နယ်ပယ်တွင် တိုးတက်မှုအချို့ရှိ နေသဖြင့် အဆင်ပြေစေသည်ဟု စီးပွား ရေးပညာရှင်များက ပြောသည်။

စက်မှုထုတ်လုပ်ရေးသည် တစ်နှစ် အတွင်း  ၄ ဒသမ ၅ ရာခိုင်နှုန်းတိုး လာပြီး  အဓိကအားဖြင့် မော်တော်ကား ထုတ်လုပ်မှု တိုးများလာခြင်းဖြစ် ကြောင်း သိရသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ