နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များရရှိရေး

လူမှုဘဝနယ်ပယ် ယနေ့အစားအသောက်များတွင် အနံ့၊ အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှုတို့မှာ လွန်စွာကောင်းမွန်သော် လည်း ဘေးအန္တရာယ် ရှိ၊ မရှိ သတိထားဆင်ခြင်ရန် လိုအပ်သည်။ 

ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေးစစ်မှန်ကောင်းမွန် ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများ ပြည်သူတို့ စားသုံးနိုင်ရန် ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ စားသုံးရန်မသင့်သော အစား အသောက်များကိုလည်း မကြာခဏ အသိပေးကြေညာပေးလျက် ရှိသည်။

အစားအ‌သောက် ထုတ်လုပ်ရောင်းချသူများသည် အစား အသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ (၂၈) က အရ တရားစွဲအရေးယူ ခံရမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ ကျန်းမာရေးဌာနသည် အများပြည်သူများ သွားလာသည့်နေရာ များ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဈေးရှိ ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ နှာ‌ခေါင်းစည်း၊ Mask များ ‌‌ဝေငှခြင်း၊ ဈေးများအတွင်း ရောင်းချသော သားစိမ်း၊ ငါးစိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များ သန့်ရှင်း လတ်ဆတ်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ခွင့်မပြုဆိုးဆေးများနှင့် ဖော်မလင်ဆေးသုံးစွဲမှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ယနေ့အခြေအနေတွင် စားအုန်းဆီများကို ဓာတုဗေဒနည်းဖြင့် အသွင်ပြောင်းကာ ပဲဆီ၊ နှမ်းဆီအဖြစ် ဈေးမြှင့်ရောင်းချလျက် ရှိကြောင်း လူမှုကွန်ရက်ပေါ်တွင် မြင်တွေ့နေရသည်။ စားသုံးသူ ပြည်သူများ ကျန်းမာရေးသုခပြည့်ဝစေ‌ရေး အဓိကကျလျက်ရှိရာ ရောင်းဝယ်၊ ဖောက်ကားသူများက သတိပြုဆင်ခြင်သင့်သည်။

ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်စေချင်ကြောင်း။     ။







အခြားဆက်စပ်သတင်းများ