နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယသံမဏိစက်ရုံ ဗြိတိန်အစိုးရ ပံ့ပိုးမည်

လန်ဒန်၊ စက်တင်ဘာ ၁၇

ဗြိတိန်နိုင်ငံ အခြေစိုက် အိန္ဒိယ တာတာ သံမဏိစက်ရုံအတွက် စတာ လင်ပေါင် သန်း ၅၀၀ (ဒေါ်လာ ၆၂၁ သန်း) ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဗြိတိန် အစိုးရက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ယခုကဲ့သို့ ထောက်ပံ့ခြင်းသည် ဗြိတိန်သမိုင်းတစ်လျှောက် အကြီးမား ဆုံးအစိုးရထောက်ပံ့ရေး အစီအစဉ် တစ်ခုဖြစ်ပြီး အလုပ်အကိုင် ၅,၀၀၀ ခန့်ကို ရေရှည်အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း ဗြိတိန်အစိုးရက ပြော ကြားသည်။

အိန္ဒိယ တာတာ သံမဏိစက်ရုံကမူ ဗြိတိန်တွင် လက်ရှိ လူ ၈,၀၀၀ ကျော်ကို အလုပ်ခန့်ထားပြီး  ဗြိတိန်အစိုးရ၏အကူ အညီမရပါက သံမဏိစက်ရုံများကို ပိတ် ပစ်ရမည်ဟု ဆိုသည်။

အိန္ဒိယသည် သံမဏိထုတ်လုပ်မှု အတွက် ကျောက်မီးသွေး စွမ်းအင်အသုံး ပြုမည့်အစား ဓာတ်ငွေ့ထွက်ရှိမှုနည်း ပါးသည့် လျှပ်စစ်မီးဖိုများ အသုံးပြုရန် စီစဉ်နေပြီး ယင်းသို့ ပြောင်းလဲအသုံးပြု မည်ဆိုပါက လုပ်သားလိုအပ်မှုနည်းပါး လာမည်ဖြစ်ရာ လူ ၃,၀၀၀ ကို အလုပ် ထုတ်ပြစ်ရမည်ဖြစ်ကြောင်း အသိပေး ထားသည်။                             

(ref: CNA)







အခြားဆက်စပ်သတင်းများ