နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟေတီနယ်စပ် ပိတ်မည်

ပို့တ်အောပရင့်စ်၊ စက်တင်ဘာ ၁၇

ဒိုမီနီကန် သမ္မတနိုင်ငံသည် ဟေတီ နိုင်ငံနှင့် ထိစပ်နေသော နယ်နိမိတ်တစ် ခုလုံးကို စက်တင်ဘာ ၁၆ ရက်ကစပြီး ပိတ်ထားမည် ဖြစ်သည်။ ဒိုမီနီကန်သမ္မတ လူးအစ္စအဘီနဒါ ကိုယ်တိုင် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ် ပြီး နှစ်နိုင်ငံ မျှဝေသုံးစွဲနေသည့် မြစ်ရေ ရယူရေး သွယ်တန်းဖောက်လုပ်မှုနှင့် ပတ်သက်၍ ပဋိပက္ခများ ဖြစ်နေချိန် တွင် ယခုကြေညာချက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ဒိုမီနီကန်သမ္မတနိုင်ငံသည် အိမ်နီး ချင်းဟေတီနိုင်ငံနှင့် ဆက်ဆံရေးတင်း မာပြီး နယ်စပ်လုံခြုံရေးကို တင်းကျပ် ထားကာ ဟေတီနိုင်ငံအတွင်း ပိုမိုဆိုးရွား လာသည့် ဂိုဏ်းဖွဲ့စစ်ပွဲများကြောင့် ထွက်ပြေးဖြတ် ကျော်လာသည့် ဟေတီ နိုင်ငံသား ထောင်ပေါင်းများစွာကို ဒိုမီနီ ကန်က ပြည်နှင်ဒဏ်ပေးထားသည်။ မြစ်ရေသွယ်တန်းခြင်း ဆောက်လုပ် ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ၁၉၂၉ ခုနှစ် သဘောတူ စာချုပ်ကို ဟေတီဘက်က ချိုးဖောက် သည်ဟု ဒိုမီနီကန်က စွပ်စွဲပြောဆို ပြီးနောက် နယ်စပ်ကို ပိတ်ပစ်မည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ပြောကြား ထားသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ