ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး၊ ဦးမြ၊ ငါစင်ရပ်ကွက်၊ အမှတ် ၁ အခြေခံပညာအလယ်တန်းကျောင်းဝင်း သန့်ရှင်းသာယာသပ်ရပ်စေရေး စက်တင်ဘာ၁၆ ရက်ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၇၅ ဦးဖြင့် စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်း ရှိ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက်ရေမြောင်းများအတွင်းရှိ အမှိုက်နှင့် နုန်းများဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အတွက် ခြင်ခိုအောင်းနိုင်သည့်နေရာများနှင့် စာသင်ခန်းများအတွင်းခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းတို့အားစုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။
မိုးမြင့်မောင်