နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်၇ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ အမှတ် ၂၂ အခြေခံပညာအလယ်တန်းကျောင်းဝင်းသန့်ရှင်းသာယာသပ်ရပ်စေရေး

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်၇ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ အမှတ် ၂၂ အခြေခံပညာအလယ်တန်းကျောင်းဝင်းသန့်ရှင်းသာယာသပ်ရပ်စေရေး စက်တင်ဘာ ၁၆ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်းအင်အား ၁၈၅ ဦးဖြင့် စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်းရှိ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက်ရေမြောင်းများ အတွင်းရှိ အမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက်ခြင်ခိုအောင်းနိုင်သည့်နေရာများနှင့် စာသင်ခန်းများအတွင်းခြင်ဆေးမှုတ်ခြင်း၊ ရေစည် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းတို့ကို စုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။                                                                                                                 

မိုးမြင့်မောင်







အခြားဆက်စပ်သတင်းများ