တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ သမ္မာဒိဌိလမ်းရှိ အမှတ် ၅ မူလတန်းကြိုကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး အတွက် စက်တင်ဘာ ၁၆ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၈၀ ဦးဖြင့် စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်း အတွင်းရှိ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေးရေမြောင်းများအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ သစ်ရွက်ကြွေများ၊ သဲခဲများလှည်းကျင်းရှင်း လင်းခြင်း၊ ကျောင်းဝင်းအတွင်းအပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေပိုက်၊မိလ္လာပိုက်လိုင်းများစစ်ဆေးပြုပြင်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက် နှင့်မြောင်းချေးများကို ယာဉ်နှစ်စီးဖြင့်သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက်ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များအတွင်းအဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ စုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။
ယဉ်မွန်