နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုသတင်းမီဒီယာနှင့် ယဉ်ကျေးမှု

ကျွနိုပ်တို့နိုင်ငံ၌ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများမှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါအားကောင်းပြီး ဂုဏ်ယူဖွယ်ကောင်းလှသည်။ မြန်မာတို့၏ အစဉ်အလာအရဝတ်စား၊ ဆင်ယင်၊ ပြောဆိုကျင့်ကြံမှုအားလုံးသည် မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ့ယဉ်ကျေးမှုပင်ဖြစ်သည်။

 ယနေ့ခေတ်ကြီးကား  အပြောင်းအလဲများနှင့် တိုးတက်နေသော ကမ္ဘာကြီးဖြစ်၏။ အိုင်တီနည်းပညာများတိုးတက်လာသည်နှင့်အမျှ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုတဖြည်းဖြည်းနစ်နာဆုံးရှုံးလျက်ရှိသည်။

 မျက်မှောက်ခေတ်ကြီး လျင်မြန်တိုးတက်လာသည်နှင့်အမျှ ယဉ်ကျေးမှုများရောထွေးကုန်ကြပြီး မည်သည့်နိုင်ငံမှမည်သည့် ယဉ်ကျေးမှုပင်မသိတော့။ အိုင်တီနည်းပညာ၏ စွမ်းပကားကြောင့် ယဉ်ကျေးမှုသာမက နိုင်ငံရေးနှင့်ငြိမ်းချမ်းရေး မတည်မငြိမ်ဖြစ်စေခြင်း နယ်မြေတည်တံ့မှုကို စိန်ခေါ်မှုတစ်ရပ်အဖြစ် အသွင်ဆောင်လာ သည်။

 ယနေ့လူငယ်တို့၏  ကိုယ်ကျင့်သိက္ခာ၊ ယဉ်ကျေးမှုများ ဆုတ်ယုတ်ပျက်စီးစေသည်သာမက လူမှုစီးပွားဘဝများ ပျက်စီးလာ သည်။ တရားမဝင်အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းနှင့်ဖုန်းမှ  ငွေလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ မှောင်ခိုကုန်ကူးမှု၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်မှု၊ အဓမ္မစေခိုင်းစေမှု တရားမဝင်လုပ်ငန်းများ  ဆောင်ရွက်နေကြသည်ကို လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်နေရ သည်။

လူမှုကွန်ရက်‌ပေါ်တွင် ဆဲဆိုကြိမ်မောင်းမှုများ မကြားချင်မှ အဆုံး၊ မမြင်ဝံ့မမြင်အပ်သင့်သော အိပ်ရာဝင်ပုံပြင်များက မဆံ့အင် ကာ အပြိုင်အဆိုင်အလုအယက်တင်နေကြသည်။ ရှေးလူကြီးများ ဆုံးမစကားကို ကြားယောင်မိသည်။ "သိသာသိစေ မမြင်စေနဲ့" စကားအစား" ရှိတာပြမယ် ကြည့်ကာမျှဝေ" ဟု ဆိုရပေမည်။

 ယနေလူငယ်များစွဲလမ်းနှစ်ခြိုက်စွာသုံးစွဲနေကြသည်မှာ အန္တရာယ်များသည့် အလေ့အထဖြစ်လာသည်။ ရူးသွပ်လွဲမှားစွာသုံး စွဲမှုကြောင့် အလုပ်အကိုင်ပျက်၊ အအိပ်ပျက်ကာ အာရုံဝေဝါးစေ သည်။

 လူငယ်များအနေဖြင့် ခေတ်မီလိုကြသည်ကို မတားဆီး မပိတ် ပင်လိုသော်လည်း မိမိကိုယ်ကို တန်ဖိုးထားတတ်မှု၊ စောင့်ရှောက် တတ်မှု၊ ထိန်းသိမ်းတတ်မှု၊ ကြံ့ကြံ့ခံနိုင်မှုဖြင့် လက်ကိုင်ထားဆောင် ရွက်စေချင်ကြောင်း  ။    ။






အခြားဆက်စပ်သတင်းများ