ထရီပိုလီ၊ စက်တင်ဘာ ၁၆
လစ်ဗျားနိုင်ငံတွင် ရေကြီးရေလျှံမှု ကြောင့် သေဆုံးသူ ၁၁,၀၀၀ ကျော်ရှိလာ ပြီး ပျောက်ဆုံးနေသူ ၁၀,၀၀၀ ကျော်ရှိ လာပြီဖြစ်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၅ ရက်တွင် ပြောသည်။
ဆည်ကျိုး၍ ရေကြီးရေလျှံမှုကြောင့် ယခုကဲ့သို့ သေဆုံးနှုန်းမြင့်တက်လာရ ခြင်းဖြစ်ပြီး ဆည်နှစ်ခုကျိုးကျမှုကြောင့် လျှံကျ စီးဆင်းလာသောရေများသည် မြို့တစ်မြို့လုံးနီးပါးကို တိုက်စားသွားကာ လမ်းများ၊ အဆောက်အအုံများနှင့် လူ အများသည် ရေစီးဖြင့်မျောပါ သေဆုံး ကြခြင်း ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ အရာရှိများကမူ လစ်ဗျား၌ မိုးလေဝသကြေငြာချက်များ အချိန်မီထုတ်ပြန်မှသာ သေဆုံးမှုနှုန်း ကိုလျှော့ချနိုင်မည်ဖြစ်ပြီး အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာနအနေဖြင့် လူအများစုအား ဘေးလွတ်ရာသို့ရွှေ့ ပြောင်းပေးနိုင် လိမ့်မည်ဖြစ်သည်။
လက်ရှိအချိန်ထိ အပျက်အစီးနှင့် ရွှံ့များအောက်တွင် ရုပ်အလောင်းများ ထပ်မံတွေ့ရှိနိုင်သဖြင့် သေဆုံးနှုန်း ဆက်လက် မြင့်တက်လာနိုင်သည်ဟု အာဏာပိုင်များက ကြေညာထားသည်။
(ref: AFP)