နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ပထမဆုံး မက်သနောလောင်စာသုံး ကုန်သင်္ဘောအမည်ပေး

ကိုပင်ဟေဂင်၊ စက်တင်ဘာ ၁၆

ကမ္ဘာ့ပထမဆုံး မက်သနောလောင် စာသုံးကုန်သေတ္တာတင် သင်္ဘောတစ် စင်း နာမည်ပေးအပ်ပွဲကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပသည်။ 

ဆိပ်ကမ်းရှိ မေ့စ်ခ်ကုမ္ပဏီဌာန ချုပ်အပြင်ဘက်တွင်  ကျင်းပသည့် အဆိုပါအခမ်းအနားတွင် အရှည် ၁၇၂ မီတာရှိသည့် သင်္ဘောကို ဥရောပကော် မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယွန်က လော်ရာ မေ့စ်ခ်ဟု နာမည်ပေးလိုက်ပြီး အဆိုပါ သင်္ဘောသည် ပေ ၂၀ ရှိသည့် ကုန် သေတ္တာ ၂၁၃၆ လုံး တင်ဆောင်နိုင်သည်။

မေ့စ်ခ်ကုမ္ပဏီသည် အဆိုပါ မက် သနောလောင်စာသုံး ကုန်သေတ္တာတင်  သင်္ဘောကို ပြီးခဲ့သည့် ဇူလိုင်လက တောင် ကိုရီးယားမှဥရောပသို့ ကုန်စည် ပို့ဆောင်ချိန်တွင် စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။

အစိမ်းရောင် မက်သနောသည် ဇီဝ လောင်စာ သို့မဟုတ် ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်က ထုတ်ယူထားသည့် ကာဗွန်နှင့် ဟိုက်ဒရိုဂျင်တို့က ထုတ် လုပ်ထားခြင်းကြောင့် သမားရိုးကျရုပ် ကြွင်းလောင်စာများနှင့် နှိုင်းယှဉ်ပါက ကုန်သေတ္တာတင် သင်္ဘောများ၏ကာဗွန် ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ် မှုကို ရာခိုင်နှုန်း ၆၀ မှ  ၉၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်သည်။         

(ref: AP)







အခြားဆက်စပ်သတင်းများ