ဘန်ကောက်၊ စက်တင်ဘာ ၁၆
Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်သည် လွှတ် တော်တွင်း အတိုက်အခံ အဖွဲ့ခေါင်း ဆောင်တစ်ဦးအဖြစ် နောက်ထပ်တစ် ဦးကို အစားထိုးရွေး ချယ်နိုင်ရန်အတွက် ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက် လိုက်ပြီ ဖြစ်သည်။
Move Forward ပါတီ၏ ပါတီ စီမံခန့်ခွဲရေးဘုတ်အဖွဲ့၊ လွှတ်တော် အမတ်များနှင့် ဆွေးနွေးတိုင်ပင်ပြီး နောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ပီတာက ၎င်း၏ လူမှုကွန် ရက်စာမျက်နှာတွင် စက်တင်ဘာ ၁၅ ရက်က ရေးသားထားသည်။
အစိုးရသစ်အဖွဲ့၏ မူဝါဒကို လွှတ် တော်တွင်တင်ပြပြီးနောက် ဝန်ကြီး ချုပ်သစ်နှင့် အစိုးရအဖွဲ့သည် ၎င်းတို့ ၏လုပ်ငန်းတာဝန်များကို တရားဝင် စတင်ထမ်းဆောင်ချိန်တွင် ယခုကဲ့သို့ ပါတီခေါင်းဆောင်အဖြစ်မှ ပီတာနုတ် ထွက်သည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
လက်ရှိ ပါတီထောက်ခံသူများလို လားနေသည့် အပြောင်းအလဲများရရှိ ရန် ယင်းအနေဖြင့် ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်တွင် အမျိုးသားအားကစားရုံ၌ ပါတီဝင်အားလုံး တွေ့ဆုံကြမည်ဖြစ် သည်။
(ref: CNN)