ဝါဆော၊ စက်တင်ဘာ ၁၆
ပိုလန်နိုင်ငံ ယမကာကုမ္ပဏီတစ် ခုတွင် ChatGPT ပုံစံ ဉာဏ်ရည်တုနှင့် မောင်းနှင်သည့် စက်ရုပ်တစ်ရုပ်ကို အမှုဆောင်အရာရှိချုပ် CEO အဖြစ် အစမ်းခန့်အပ်လိုက်သည်။
အဆိုပါကုမ္ပဏီသည် လူပုံပန်း သဏ္ဍာန် AI စက်ရုပ်အသုံးပြုမှုကို စက်တင်ဘာ ၁၅ ရက်က ကနဦးစမ်း သပ်မှု စတင်လိုက်ပြီး လာမည့်ငါးနှစ်မှ ဆယ်နှစ်အတွင်း လုပ်ငန်းအနာဂတ်ကို အကောင်းဆုံး ဖန်တီးမည်ဖြစ်သည်ဟု ဆိုသည်။
ဟောင်ကောင်အခြေစိုက် ဟန်ဆန် ရိုဘော့တစ်လုပ်ငန်းက တီထွင်ထား သည့် မီကာအမည်ရှိ လူသားအမျိုး သမီးသဏ္ဍာန် စက်ရုပ်သည်ခြေထောက် မပါသော်လည်း ဘီးများနှင့် ရွေ့လျား နိုင်မည်ဖြစ်ကာ ရမ်အရက်ထုတ်လုပ် သည့် ကုမ္ပဏီအတွက် ဖောက်သည် စုဆောင်းခြင်းများကိုပါ လုပ်ဆောင် ပေးမည် ဖြစ်သည်။
မီကာစက်ရုပ်သည် CEO ဖြစ်သော် လည်း လူသားဝန်ထမ်း တစ်ယောက် ကိုအလုပ်ထုတ်ခွင့်မရှိဘဲ ထင်ရှားသည့် ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်ကို လူသားအမှုဆောင်အဖွဲ့ကသာ လုပ် ဆောင်မည်ဖြစ်ကြောင်း ဥရောပလုပ်ငန်း ဥက္ကဋ္ဌက ရှင်းပြသည်။
မီကာအတွက် ပိတ်ရက်မရှိဘဲအမြဲ တမ်းအမှုထမ်းရမည် ဖြစ်ပြီးဆုံးဖြတ် ချက်ချရာတွင် ကျယ်ပြန့်သည့်ဒေတာ ခွဲခြမ်းစိတ်ဖြာမှုပေါ် မူတည်သည့် အတွက် ပုဂ္ဂိုလ်ရေး ဘက်လိုက်မှုမရှိဘဲ ဗျူဟာမြောက် ရွေးချယ်မှုများကိုလုပ် ဆောင်ရမည်ဖြစ်သည်။
(ref:Daily Mail)