နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနစ်တကျ အမှိုက်စွန့်စေချင်

ရန်ကုန်၊ ဇွန် ၂၆


ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရော၊ ကိုယ်ပါ ကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာ ရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့် အသိကို လူတိုင်းဂရုပြုကြမှာ အမှန်ပင်ဖြစ်သည်။  သို့ဖြစ်ရာ စိတ်ကြည်လင်လန်းဆန်းစွာ နေထိုင်ရသောပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့သည်အမှိုက်ကို စနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။

မိမိပတ်ဝန်းကျင်တွင် အမှိုက်သရိုက်များဖြင့် ကင်းစင်သန့်ရှင်းမှုရှိခြင်းနှင့် အမှိုက်သရိုက်များ ပြည့်နှက် ရှုပ်ထွေးနေခြင်းဟူသည့်အနေအထား နှစ်မျိုး၏ ခံစားမှုချင်း အလွန်ကွဲပြားခြားနားသည်ဆိုသည်ကို လူတိုင်း သိရှိကြမည်ဖြစ်သည်။ ယခုအခါ ကိုဗစ်ကာလတွင် စားသောက်ဆိုင်များမှ ပါဆယ်ရောင်းအားကောင်းခဲ့ရာ တစ်ခါသုံး ဘူးခွံ၊ ပလတ်စတစ်နှင့် ဖော့ဘူးခွံများ အသုံးများလာသည်။ အသုံးပြုကြသူများက အလွယ်တကူ စွန့်ပစ်ကြရာ ရေမြောင်းများ ရေစီးရေလာကို ပိတ်ဆို့ ဟန့်တားနေသည်။


လမ်းသွား၊ လမ်းလာများ၊ ခရီးသည်များသည် အမှိုက်များကို အလွယ်တကူမစွန့်ပစ်ဘဲ လမ်းရှိအမှိုက်ပုံး နေရာရောက်မှ စွန့်ပစ်ရပေမည်။ မီးဖိုဆောင်ထွက် အမှိုက်သရိုက်များကို သတ်မှတ်အမှိုက်ကန်၊ အမှိုက်ပုံ နေရာတွင် သတ်မှတ်အချိန်အတွင်း၌ စွန့်ပစ်ရန်လိုအပ်သည်။ လမ်းသွား၊ လမ်းလာများအတွက်ချထားသော အမှိုက်ပုံးများတွင် ညစ်ညမ်းမှုဖြစ်စေသော အမှိုက်များစွန့်ပစ်ခြင်း၊ ကွမ်းတံတွေးများ ထွေးခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်၊ တံတွေး၊ အန်ဖတ်အရည်များ စွန့်ပစ်ရမည်ဖြစ်သည်။

အများသုံးစင်္ကြံ၊ လူသွားလမ်းများတွင် အမှိုက်နှင့်စက်ဆုပ်ဖွယ်ရာများ ချမထားရန်နှင့် သတ်မှတ်စွန့်ပစ် နေရာမှအပ နောက်ဖေးလမ်းကြား၊ မြေလွတ်၊ မြေလပ်နှင့် ရေမြောင်းများတွင် စွန့်ပစ်ခြင်းမပြုရန် ဆင်ခြင်ရမည်။


စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရည်များကို ရေတွင်း၊ ရေကန်၊ အဝီစီတွင်း ရေမြောင်းနှင့် မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းမပြုရန်လိုအပ်သကဲ့သို့ ယာဉ်များပေါ်မှ လမ်းပေါ်သို့စည်းကမ်းမဲ့ အမှိုက်များ စွန့်မပစ်ရန်လည်း ထိန်းသိမ်းရမည်။

အမှိုက်နှင့်ပတ်သက်သည့် ဆင်ခြင်လိုက်နာရန် သတိပေးချက်များကို မြို့ပြနေပြည်သူများ လေးစားလိုက်နာ ဆင်ခြင်သင့်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ