နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာမှသည် ထာဝရတည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်

၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာလဆန်းမှစ၍ တိုင်းဒေသကြီးအဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့တော်ခန်းမ၊ ကယားပြည်နယ်၊ လွိုင်ကော်ပြည်နယ် ခန်းမတို့တွင် ကျင်းပခဲ့ကြသည်။

 အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ခရိုင်အဆင့် ပြိုင်ပွဲများကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့်သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်များ တက်ရောက်ဆုချီးမြှင့်ခြင်း အခမ်းအနားများ ကျင်းပခဲ့ သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် တည်ရှိနေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှုအနုသုခုမ ပညာရပ်များ မတိမ်မြှုပ်၊ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် ပေးနေခြင်းဖြစ်သည်။

 ခေတ်ရေစီးကြောင်းနှင့်ပြောင်းလဲလာသော အခြေအနေများ အရ အနောက်တိုင်းတေးဂီတများ ထိုးဖောက်ဝင်ရောက်လာမှု ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် ဆန်ကျင့် သည့် သရုပ်လွန်ဂီတအနုပညာများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မဆီလျော်သည့် ငြိမ့်ညောင်းသာယာမှုနှင့်ဆန်ကျင်သော သရုပ်ပျက် လှုပ်ရှားသီဆိုကပြမှုများသည် လူငယ်ထုအတွင်း ထိုးဖောက်ဝင် ရောက်လျက်ရှိသည်။

မြန်မာတို့၏ ပင်ကိုယ်ဗီဇနှင့်စရိုက်လက္ခဏာများအရ ရှေးအစဉ် အဆက်ကတည်းက မြန်မာတို့နှင့်လိုက်ဖက်တင့်တယ်သော အနု ပညာသံစဉ်တေးသွားများရှိပြီးဖြစ်သည်။ သာယာငြိမ့်ညောင်းဖွယ် သံစဉ်များကိုကြားရလျှင် စိတ်နှလုံးဘဝင်တွင် လွမ်းမောကြည်နူး စေသည်။ မြူးကြွသည့်သံစဉ်များကို ကြားရလျှင်တက်ကြွလန်းဆန်း စိတ်ရွှင်လန်းမှုကိုဖြစ်စေသည်။

 သို့ဖြစ်ရာ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်အမျိုးသား ယဉ်ကျေးမှုမကွယ်ပျောက်စေရေးအတွက် ဖော်ထုတ်ပေးသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို လှိုက်လှဲစွာဂုဏ်ယူကြိုဆိုလိုက်ရပါကြောင်း။   ။







အခြားဆက်စပ်သတင်းများ