နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာ ကွင်းလယ်ကစားသမား ဂန်ဒိုဂမ် ဒဏ်ရာကြောင့် လာမည့်ပွဲစဉ်များ လွဲချော်မည်

ရန်ကုန်  စက်တင်ဘာ  ၁၄

နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ဂျာမနီအသင်းနှင့်ပြင်သစ် အသင်းတို့ကစားခဲ့သည့် ပွဲစဉ်တွင် ဂျာမနီအသင်းခေါင်းဆောင် ဂန်ဒိုဂမ်သည် ပထမပိုင်း ပွဲကစားချိန်အတွင်း ဒဏ်ရာရရှိခဲ့သော ကြောင့် လာမည့်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း ဘာစီလိုနာ အသင်း က ထုတ်ပြန်ခဲ့သည်။

ဂျာမနီအသင်းခေါင်းဆောင် ဂန်ဒိုဂမ်သည် ပြင်သစ်အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပွဲကစားချိန် ၂၅ မိနစ် အရောက်၌ ဆက်လက်ကစားနိုင်ခြင်း မရှိသည့်အတွက် ကွင်းလယ် ကစားသမား ဂရော့စ်နှင့် လူစားလဲခဲ့ရပြီး လက်ရှိတွင် ၎င်း၏ ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုများပြုလုပ်နေသော်လည်း ဘာစီလိုနာ အသင်းက လာမည့်ပွဲစဉ်များကို လွဲချော်နိုင်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဂန်ဒိုဂမ်သည် နွေရာသီအပြောင်းအရွှေ့ကာလက မန်စီးတီး အသင်းမှ ဘာစီလိုနာအသင်းသို့ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ရောက်ရှိခဲ့ပြီး အမှတ်ပေးပြိုင်ပွဲ လေးပွဲစလုံး ပါဝင်ခွင့်ရခဲ့ကာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်၍ အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ယခုအခါ ဒဏ်ရာပြဿနာကြောင့် လာမည့်ပွဲစဉ်များကို လွဲချော်နိုင်သဖြင့် ဘာစီလိုနာအသင်းအနေဖြင့် အခက်ကြုံနေရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ