နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်မှုလယ်ယာစနစ် ပြောင်းလဲစွမ်းဆောင်ကြိုးပမ်း

မြန်မာနိုင်ငံသည် မိရိုးဖလာလက်မှုလုပ်ငန်းမှ စက်မှုလယ်ယာ လုပ်ငန်းသို့ကူးပြောင်းရန် ကြိုးပမ်းနေဆဲဖြစ်ပြီး လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဆန်စပါးအဓိကစိုက်သည့်အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုးစိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရေကောင်း၊ မြေကောင်းသည့်နေရာများတွင် စိုက်ပျိုးရေးနည်းပညာ ဖြန့်ဖြူးပေးခြင်းနှင့်မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်၏ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာမှသာ နိုင်ငံစီးပွား ဖွံ့ဖြိုးလာမည်ဖြစ်၍ ပြည်တွင်းအသေးစားလုပ်ငန်းများ၊ အသေး စား၊ အငယ်စား၊ အလတ်စား    MSMES       စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် နိုင်ငံစီးပွားမြှင့်တင်ရေး၊ ရန်ပုံငွေမှမတည်ရင်းနှီးငွေ ရရှိရေး ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင် ရွက်ပေးလျက်ရှိသည်။

 နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မားလာရေးအတွက် အထူးအလေးထားဆောင်ရွက် နေခြင်းပင်ဖြစ်သည်။ ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေ သကြီး၊ ပြည်နယ် ၁၅ ခု၌ ကျေးရွာ ၁၅၅ ရွာကို ရွေးချယ်ပြီး စီမံကိန်း အနေဖြင့် ကျေးရွာတစ်ရွာတွင် လုပ်ငန်းထူထောင်လိုသူ ငါးဦးရွေး ချယ်ပြီး တစ်နိုင်ငံလုံးတွင် လုပ်ငန်းရှင် ၇၇၅ ဦးကို လုပ်ငန်းများ ထူထောင်ပေးနိုင်မည်ဖြစ်သည်။ အမှန်တကယ်လုပ်ငန်းထူထောင် လိုပြီး မတည်ရင်းနှီးငွေ အခက်အခဲရှိသူ၊ ရိုးသားကြိုးစားပြီး သစ္စာ ရှိသူ၊ ကျေးရွာအပေါ်စေတနာထားနိုင်သူတို့ကို ရွေးချယ်ပြီး နည်းပညာ ပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံး  လုပ်ကိုင်နိုင်သည်အထိ ဆောင်ရွက်ရမည်ဖြစ်ရာ စက်နှင့်စက်ကိရိယာများပါဝင်လာမည် ဖြစ်သည်။

ယခုအခါ တောင်သူလယ်သမားတို့၏ ဘဝသည်ပို၍ ကောင်းမွန် သော အလှည့်အပြောင်းကို ကူးပြောင်းရောက်ရှိလာပြီဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက မြစိမ်ရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေများ ထုတ် ချေးလျက်ရှိသည်။

တောင်သူလယ်သမားများအနေဖြင့် ရေကောင်း၊ မြေကောင်း  အခြေခံကောင်းများကို လက်လွတ်မခံဘဲ မိမိမိသားစုဝင်ငွေတိုးပွား စေရေးအတွက် ရာသီသီးနှံများကို ကြိုးပမ်းစိုက်ပျိုးစွမ်းဆောင်စေ ချင်ကြောင်း။     ။









အခြားဆက်စပ်သတင်းများ