နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား ဗာရက်တီ ကာတာကလပ် အယ်အာရာဘီအသင်းသို့ ပြောင်းရွှေ့

စက်တင်ဘာ ၁၃

ပီအက်စ်ဂျီအသင်း ဝါရင့်ကွင်း လယ်ကစားသမား ဗာရက်တီသည် ကာတာကလပ် အယ်အာရာဘီအသင်း သို့ ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အသက် ၃၀ နှစ်ရှိ ကွင်းလယ်ကစား သမား ဗာရက်တီသည် နည်းပြအန်းနရစ် ၏ စီမံကိန်းတွင် ပါဝင်ခြင်းမရှိခဲ့သဖြင့် နွေရာသီအပြောင်း အရွှေ့ကာလ အတွင်း အသင်းပြောင်းရွှေ့ရန်ကြိုးပမ်း  ခဲ့ရာ ယခုအခါ ကာတာကလပ် အယ်အာ ရာ ဘီအသင်းသို့ ယူရို ၄၅သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ကွင်းလယ်ကစားသမား ဗာရက် တီ သည် ၂၀၁၂ ခုနှစ် ကစီးရီးဘီ ကလပ် ပက်ကာရာအသင်းမှ ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့ရောက်ရခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၁၆ ပွဲ ကစားခဲ့ရာ သွင်းဂိုး ၁၁ ဂိုးသွင်းယူ နိုင်ခဲ့ပြီး အသင်းနှင့်အတူ ၁၁ နှစ်‌ကျော် ကစားခဲ့သည့် ကာလအတွင်း ဆုဖလား ၁၁ လုံးထိဆွတ်ခူးရရှိခဲ့သည်။

ဗာရက်တီသည် လာမည့်ရက်ပိုင်း အတွင်း ကာတာနိုင်ငံသို့ သွားရောက်၍ အယ်အာရာဘီအသင်းနှင့် ပူးပေါင်းမည် ဖြစ်ပြီး လာမည့်စက်တင်ဘာ ၂၄ ရက်တွင် ကစားရမည့်အယ်ရိုင်ယန် အသင်းနှင့်ပွဲစဉ်တွင် ပါဝင်သွားမည်   ဖြစ်သည်။                               

သူရိန်






အခြားဆက်စပ်သတင်းများ