နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်း နည်းပြ ဇာဗီနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်ဆွေးနွေး

စက်တင်ဘာ ၁၃

ဘာစီလိုနာအသင်းသည် နည်းပြ ဇာဗီနှင့် လာမည့် ၂၀၂၅ ခုနှစ်ထိစာချုပ် သက်တမ်း ကျန်ရှိနေသေးသော်လည်း ဇာဗီအနေဖြင့်အသင်းကို ဆက်လက် တာဝန်ယူရန် ဆုံးဖြတ်ထားသော ကြောင့် သက်တမ်းတိုး စာချုပ်ချုပ်ဆို ရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် နည်းပြဇာဗီသည် အသင်း ၏  အားကစားဒါရိုက်တာဒေကို နှင့် တရားဝင်ဆွေးနွေးမှုများပြုလုပ်ခဲ့ ရာ တစ်နှစ်သက်တမ်းတိုးရန် သဘော တူညီမှုရရှိခဲ့သောကြောင့် လာမည့် ရက် ပိုင်းအတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုရန်စီစဉ်လျက်ရှိပြီး ဇာဗီအနေ ဖြင့် ဘာစီလိုနာအသင်းတွင် လာမည့် ၂၀၂၆ ခုနှစ်ထိ ဆက်ရှိမည်ဖြစ်သည်။

နည်းပြဇာဗီသည် ဘာစီလိုနာ အသင်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက စတင်တာဝန်ယူခဲ့ရာ အသင်းကိုရလဒ်ပိုင်း  ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ သဖြင့် ဘောလုံးရာသီပြီးဆုံးချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး ပြီးခဲ့သည့် ဘောလုံးရာသီကလည်း အသင်း ကို အကောင်းဆုံး ဦးဆောင်၍လာလီဂါ ချန်ပီယံဆု ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ သောကြောင့် အသင်းဥက္ကဋ္ဌ လာပေါ်တာ က ဇာဗီကိုသက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။                               

သူရိန်







အခြားဆက်စပ်သတင်းများ