နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုင်ယွန်အသင်းက ဂရေဟမ်ပေါ်တာကို နည်းပြသစ်ခန့်အပ်ရန် ကမ်းလှမ်းမှု ပယ်ချ

စက်တင်ဘာ ၁၂

ပြင်သစ်ကလပ် လိုင်ယွန်အသင်း က နည်းပြသစ်အဖြစ် ချဲလ်ဆီးအသင်း နည်းပြဟောင်း ဂရေဟမ်ပေါ်တာကို ခန့်အပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

လိုင်ယွန်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ရလဒ်များဆက် တိုက် ဆိုးရွားလျက်ရှိပြီး ပြင်သစ်လီ ဂူးပြိုင်ပွဲတွင် လေးပွဲကစားခဲ့ရာသုံးပွဲ ရှုံးနိမ့်ပြီး တစ်ပွဲသရေရလဒ်ထွက်ပေါ် နေသည့်အတွက် လိုင်ယွန်အသင်း တာဝန်ရှိသူများက လက်ရှိနည်းပြ ဘလန့်ကို နည်းပြရာထူးမှ ထုတ်ပယ် ပြီး နည်းပြသစ်အဖြစ် ဂရေဟမ်ပေါ်တာကိုခန့်အပ်လိုနေခြင်းဖြစ်သည်။

အသက် ၄၈ နှစ်အရွယ်ရှိ နည်းပြ ဂရေဟမ်ပေါ်တာသည် ဘရိုက်တန် အသင်းကို တာဝန်ယူ ကိုင်တွယ်စဉ်က ရလဒ်ကောင်းများရရှိအောင် စွမ်း ဆောင်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရာတွင် ရလဒ်ကောင်း များရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း  မရှိသည့်အတွက် ပြီးခဲ့သည့်ဧပြီလက နည်းပြ ရာထူးမှထုတ်ပယ်ခံခဲ့ရပြီး နောက် လက်ရှိတွင် ကလပ်အသင်း  လက်မဲ့ဖြစ်နေခြင်းဖြစ်ပြီး လိုင်ယွန် အသင်းပိုင်ရှင်ဂျွန်တက်က ၎င်းကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ကမ်းလှမ်း  ခဲ့သော်လည်း ပယ်ချခဲ့ခြင်းဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ