နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တိရစ္ဆာန်ရုံတွင် ကျားမတစ်ကောင် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိ

ဧပြီ ၆၊ ဝါရှင်တန် အမေရိကန်နိုင်ငံရှိ ဘရွန့်ဇ်တိရစ္ဆာန်ရုံတွင် လေးနှစ်အရွယ်ရှိသည့် မလေးမျိုးနွယ် ကျားမတစ်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အိုင်အိုဝါပြည်နယ် အမျိုးသားတိရစ္ဆာန်ဓာတ်ခွဲခန်းက အဆိုပါဓာတ်ခွဲအဖြေကို အတည်ပြုခဲ့သည်ဟု နယူးယော့ခ်မြို့ရှိ ဘရွန့်ဇ်တိရစ္ဆာန်ရုံက ပြောသည်။ မလေးမျိုးနွယ်ကျားမ နာဒီယာနှင့် ယင်း၏ညီမ အဇယ်၊ အေမူရာမျိုးနွယ်ကျား ၂ ကောင်၊ အာဖရိကမျိုးနွယ် ခြင်္သေ့သုံးကောင်မှာ ချောင်းခြောက်ဆိုးနေသည်ဟု ဆိုသည်။ သို့သော် အဆိုပါတိရစ္ဆာန် ၇ ကောင်လုံး ရောဂါ ပျောက်ကင်းသက်သာမည်ဟု ခန့်မှန်းထားကြသည်။ အဆိုပါတိရစ္ဆာန် ၇ ကောင်မှာ တိရစ္ဆာန်ရုံ ထိန်းသိမ်း စောင့်ရှောက်သူထံမှ ရောဂါကူးစက်ခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ အဆိုပါသတ္တဝါများမှာ အစာစားချင်စိတ်လျော့ကျသွားသော်လည်း နိုးကြားလန်းဆန်းစွာရှိနေကြောင်း ဘရွန့်ဇ်ဆေးရုံမှ ထိန်းသိမ်းစောင့်ရှောက်သူများက ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ