နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးဒေသ တောတောင်များမှ သဘာဝမှိုများရရှိ၍ ဒေသခံများဝင်ငွေကောင်း

ကောလင်း ဇွန် ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ဝန်းသို၊ပင်လည်ဘူးမြိုနယ်များတွင် မိုးဦးကာလအတွင်း ဒေသခံများသဘာဝမှိုများရှာဖွေရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

ရာသီဥတုပူအိုက်စွတ်စိုပြီးတောတောင်ရေမြေမှာမြေနီကျောက်စရစ်အမျိုးအစားနှင့်သဲမြေများ၊ ရွှံ့စေးမြေ များဖြစ်သဖြင့်တောတောင်များအတွင်းမိုးဦးရာသီတွင် သဘာဝအလျောက် မှိုပေါင်းစုံပေါက်ရောက်လျက် ရှိသည်။ သဘာဝအလျောက်ပေါက်ရောက်သောမှိုများအနက်မှိုဖြူ(ခ) တောင်ပို့မှို၊ငှက်စွေ့မှို၊ကျောက်ကြား မှို(ခ) အင်တိုင်းမှို၊အင်ဥမှိုတို့သည်လူကြိုက်များ၍ စျေးကောင်းရသည်။ တောင်ပို့မှို၊ ငှက်စွေ့မှိုများသည် အရိပ် ကောင်းသော၊ သစ်ကြီးဝါးကြီးတောများ၌ နှစ်စဉ်နေ့ရက်အတိအကျပေါက်ရောက်လေ့ရှိသဖြင့် ယင်းမှို များပေါက်သောကျင်းနေရာများကို ရက်စွဲများဖြင့် ရေးမှတ်ထားပြီးယခင်နှစ်က ပေါက်သည့် ရက်မှာ ယခုနှစ် လည်းယင်းရက်မှာပေါက်ရောက်ကြသည်။


အင်တိုင်းမှိုမှာအင်ကြင်း၊ အင်ပင်များပေါက်သော ကျောက်ကြားများ၌ကျင်းဖြင့် အစုလိုက်အပြုံလိုက်  ပေါက်ရောက်တတ်သည်။ အင်ဥမှိုသည်မိုးဦးကျရာသီတောမီးလောင်ပြီးတောတွင်းရှိ အင်ဖက်မြေဆွေးများရှိ ရာနေရာများ၌ပေါက်ရောက်လေ့ရှိသောကြောင့်ဇွန်လဒုတိယပတ်တွင်စတင်လျက်အင်ဥမှိုရှာဖွေရောင်းချသူများဝင်ငွေကောင်းလျက်ရှိကြသည်။

အင်ဥမှိုကိုဓား၊တူရွင်း၊ဝါးချွန်တွေနဲ့ရှာဖွေရပါတယ်။နေပူလိုက်၊မိုးရွာလိုက်ရာသီဥတုမျိုးမှာအပေါက်များတယ်။


"မှိုဖြူ(ခ)တောင်ပို့မှိုကိုနှစ်တိုင်း၅၀၀၀၀ကျပ်ဖိုးဝယ်ပါတယ်။ တောင်ပို့မှိုချက်စားလျှင်လည်း အချိုမုန့်   ခတ်စရာမလိုဘဲအလွန်ချိုသဖြင့်အခြောက်လှန်းထားပြီးအချိုမုန့်အစားတောင်ပို့မှိုကိုဟင်ချိုရည်ချက်သည့် အခါအသုံးပြုပါတယ်ဟု" ကောလင်းစျေး၌စျေးဝယ်သူတစ်ဦးကလည်းပြောပြခဲ့သည်။

အင်ဥမှိုတစ်ပြည်ကို၁၅၀၀၀ကျပ်၊မှိုဖြူ(ခ) တောင်ပို့မှိုနှင့်ငှက်စွေ့မှို အဖူး ၃၀ ကို ၁၀၀၀၀ကျပ်၊တောင်ပို့မှို  အချဉ် တစ်ပိဿာကို ၆၀၀၀ကျပ်၊ အင်ကြင်းမှိုအဖူး ၁၀ ခုကို ၁၀၀၀ကျပ်ရောင်းစျေးရှိကြောင်း ကောလင်းစျေးတွင်မှိုများလာရောက်ရောင်းချသောပင်လည်ဘူးမြို့နယ်မြေလင်းကျေးရွာမှမနှင်းနုက ပြောသည်။


မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ