နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိကျန်းမာ တို့ကမ္ဘာ သင့်မျက်စိကို စစ်ဆေးပါ

လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် မျက်စိသည် တန်ဖိုး အကြီးမားဆုံးပင်ဖြစ်သည်။ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာအားလုံးတို့သည် မျက်စိဖြင့်အလုပ်လုပ်နေကြ ရ၏။ မျက်စိအမြင်အာရုံချွတ်ယွင်းလျှင်၊ မျက်စိကွယ်လျှင်လုပ်ငန်း ဆောင်တာအရာရာတို့သည် ကျင်မြန်ပြီးမြောက်ဆောင်ရွက်နိုင်  စွမ်းမရှိတော့သဖြင့် မျက်စိသည်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွင် တန်ဖိုးအကြီးအမားဆုံးပင်ဖြစ်သည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်းမျက်စိအာရုံကောင်း မွန်ရေး မျက်စိစမ်းသပ်မှုသည် အရေးကြီးသောလုပ်ဆောင်ချက် ဖြစ်ကြောင်း အသိပေးထားသည်။ မျက်စိအမြင်အာရုံစောင့်ထိန်း ခြင်း၏ ပဓာနအကျဆုံးပင်ဖြစ်သည်။

 ကမ္ဘာပေါ်တွင် မျက်စိကွယ်သူပေါင်းခုနစ်သိန်းခန့်ရှိပြီး မျက်မမြင်လူဦးရေ ၄၅ သန်းကျော်ရှိပြီး မျက်စိမှုန်သူပေါင်းဦးရေ ၂၄၆ သန်းကျော်ရှိသည်ဟု ဆိုသည်။ ယနေ့တိုးတက်နေသော နည်းပညာများအရ မျက်စိအမြင်ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရသည့် မျက်စိရောဂါများဖြစ်သည်။

 လူအများက အမြင်အာရုံဆုံးရှုံးမှုကို ကြောက်ရွံ့သော်လည်း ဂရုစိုက်ရန် မေ့နေတတ်ကြသည်။ မျက်စိကွယ်ခြင်း ၇၅ ရာခိုင်နှုန်း ကြိုတင်ကာကွယ်ခြင်း သို့မဟုတ် စနစ်တကျကုသမှုခံယူခြင်းတို့ ဖြင့် ရှောင်ရှားနိုင်သည်။ ရှေးလူကြီးများက မျက်စိအဆုံး၊နားအရှုံး ဟု ပြောစမှတ်ရှိခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မျက်စိကွယ်နိုင် သော အဖြစ်များရောဂါများမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်ခမ်းစပ် မျက်ကြည်လွှာအနာရောဂါ၊ မျက်စိထိခိုက်ဒဏ်ရာရောဂါနှင့်ကလေးများတွင် ဗီတာမင်အေချို့တဲ့ရောဂါများနှင့်ယင်းအပြင် ဆီးချို၊ သွေးချိုတို့ကြောင့် နောက်ဆက်တွဲမျက်စိရောဂါများဖြစ်၏။

ယနေ့အခြေအနေတွင် အင်တာနက်အသုံးပြုပြီး ဂိမ်းကစား ခြင်း၊ ကွန်ပျူတာသုံးစွဲခြင်းတို့ကြောင့် မျက်စိရောဂါအမျိုးမျိုးဖြစ် ပေါ်နိုင်သည်။ ယခုအခါ မျက်စိဝေဒနာရှင်များအား မျက်စိအထူးကု ဆရာဝန်ကြီးများက မြို့နယ်များအထိ ကွင်းဆင်းပြီး ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည်။

 ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဆောင်ပုဒ်နှင့်အညီ မျက်စိရောဂါဖြစ်ပွားခြင်းမှ ကာကွယ်စောင့် ရှောက်ရန်လိုအပ်သည်။








အခြားဆက်စပ်သတင်းများ