နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုစီးပွားဘဝမြှင့်တင်ရေး အားပေးဆောင်ရွက် ပြည်သူ့အတွက်

ကမ္ဘာ့လူသားအားလုံး နေ့စဉ်လိုအပ်နေသည့် စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီးရှိ အစိုးရများက ကြိုးပမ်းဆောင်ရွက်နေကြသည်။ လူတိုင်းသက်တမ်းစေ့နေနိုင်ရေးအတွက် အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ ထုတ်လုပ်ရရှိရန်လည်း လိုအပ်သည်။

ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံရေးနှင့် အာဟာရပြည့်ဝမှုအပေါ် စားနပ်ရိက္ခာဖြည့်တင်းနိုင်မှုစနစ် တည်တံ့ခိုင်မာရေးသည် အဓိကကျသည်။ စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှုမြင့်မား တိုးတက်လာခြင်းမှသည် ငတ်မွတ်သူပပျောက်ရေး အစီအစဉ်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်းမရှိသည့် သဘာဝ သယံဇာတနှင့် ရာသီဥတုအပေါ် မှီခိုရသဖြင့် စားနပ်ရိက္ခာထုတ်လုပ် ရာတွင် အခက်အခဲများရှိနေသည်။ 

မြန်မာနိုင်ငံတွင် လက်ရှိအနေဖြင့် စားနပ်ရိက္ခာဖူလုံပိုလျှံမှု ရှိသော်လည်း နောင်တိုးပွားလာမည့် လူဦးရေအတွက် ရေရှည် မျှော်မှန်းပြီး ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ သွားရောက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေး တွေ့ဆုံဆွေးနွေးမှုများ  ဆောင်ရွက်လျက်ရှိသည်။ ခရီးစဉ်အတွင်း မိမိတို့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စား၊ အလတ်စားကုန်ထုတ်ခြင်းများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် နိုင်ငံစီးပွား ရေးကို တိုးတက်စေမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် MSME စီးပွား ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေ ခြင်းဟု လည်းကောင်း၊ မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက် အားနည်းချက်များရှိခဲ့ခြင်း ကြောင့် စီးပွားရေးနှင့်ပတ်သက်၍ အခြားတိုင်းပြည်များထက် တိုးတက်မှုနှုန်း နည်းပါးခဲ့ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်မှုနည်းပါး ခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်း မရှိကြောင်း ကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှု မရှိစေ ရေး၊ စားသုံးမှုနှင့် ထုတ်လုပ်မှုများ  မျှတမှုရှိစေရေး  ဆောင်ရွက်ရန်လိုကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်တွင် ထည့်သွင်းမှာကြားခဲ့သည်။ 

နိုင်ငံတော်အစိုးရသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက် သကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်အောင် မတော်လောဘ စိတ်ဖြင့် ဆောင်ရွက်နေသည့် ဝိသမလောသမားများကို ထိုက်သင့် သည့် အရေးယူမှုများ  တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့်  ပြည်သူများ အတွက် အထောက်အပံ့ဖြစ်စေချင်ကြောင်း။      ။







အခြားဆက်စပ်သတင်းများ