နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီလာရီးရဲလ်အသင်းက ရာအူးလ်ကို နည်းပြသစ်ခန့်အပ်ရန် ကြိုးပမ်း

စက်တင်ဘာ  ၁၀

ဗီလာရီးရဲလ် အသင်းသည် ရလဒ်ပိုင်း ဆိုးရွားနေမှုကြောင့် နည်းပြ ဆက်တီယန်ကို ရာထူး မှ ထုတ်ပယ်ခဲ့ပြီးနောက် ရီးရဲလ် မက်ဒရစ် လူငယ်အသင်းတွင် နည်းပြတာဝန် ထမ်းဆောင်နေ သည့် ဂန္ထဝင် ကစားသမားဟောင်း ရာအူးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ဗီလာရီးရဲလ်အသင်း အနေ ဖြင့် နည်းပြ ဆက်တီယန်နေရာ တွင် အစားထိုးရန် ဝုဗ်အသင်း နည်းပြ လိုပက်တီဂူ၊ ဘင်ဖီကာ အသင်း လက်ထောက်နည်းပြ ဂါစီယာနှင့် ရေးဗားပလိတ် အသင်း နည်းပြဟောင်း ဂယ်လာ ဒိုတို့ကို ရွေးချယ်ရန် ဆုံးဖြတ် ထားသော်လည်း ယခုအခါ လာ လီဂါပြိုင်ပွဲတွင် အတွေ့အကြုံ များစွာရှိသည့် ဂန္ထဝင်တိုက်စစ် မှူးဟောင်း ရာအူးလ်ကိုခေါ်ယူ ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဗီလာရီးရဲလ် အသင်းသည် ရာအူးလ်နှင့်ဆွေး နွေးခဲ့ရာ ၎င်းအနေဖြင့် ရီးရဲလ် မက်ဒရစ်အသင်း တာဝန်ရှိသူ များ၏ ခွင့်ပြုချက်ကိုစောင့်ဆိုင်း လျက်ရှိပြီး ဗီလာရီးရဲလ်အသင်း ကို နည်းပြတာဝန် ထမ်းဆောင် ရန် စိတ်ဝင်စားကြောင်း ပြော ကြားခဲ့သည်။                   


သူရိန်







အခြားဆက်စပ်သတင်းများ