နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးကွင်းလယ်ကစားသမား လတ်ဗီးယား ခြေချင်းဝတ်ဒဏ်ရာကြောင့် ထပ်မံအနားယူရမည်

စက်တင်ဘာ  ၁၀

ချဲလ်ဆီးအသင်း ကွင်းလယ် ကစားသမား လတ်ဗီးယားသည် အသင်းလေ့ကျင့်ရေး အစီအစဉ် တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ သည့်အတွက် ထပ်မံအနားယူရ မည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ်ရှိ လတ်ဗီးယားသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဆောက်သမ် တန်အသင်းနှင့် ခြေစွမ်းပြသနိုင် ခဲ့သဖြင့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ချဲလ်ဆီးအသင်းက လီဗာပူး အသင်းထက် လက်ဦးမှုရယူပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၈ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လတ်ဗီးယားသည် ဆောက် သမ်တန်အသင်းတွင် ရှိနေစဉ် ကတည်းက ခြေချင်းဝတ်ဒဏ်ရာ ရရှိနေသည့်အတွက် အနားယူ နေရသူဖြစ်ပြီး ချဲလ်ဆီးအသင်း သို့ ပြောင်းရွှေ့ကစားချိန်တွင် လည်း ဒဏ်ရာကြောင့် အနားယူ နေခဲ့ရပြီး ဒဏ်ရာမှ ပြန်လည် သက်သာလာချိန်တွင် အသင်း နှင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ချိန်၌ ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိခဲ့သည့်အတွက် မည် သည့်အချိန်ထိ အနားယူရမည် ကို မသိရှိရသေးဘဲ ဆေးစစ်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရသည်။                       


သူရိန်







အခြားဆက်စပ်သတင်းများ