နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ယနေ့အချိန်အခါတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် မြစ်ကမ်းနံဘေးတွင် နေထိုင်သော ဒေသများတွင် မြစ်ရေကြီး ခြင်းများဖြစ်ပေါ်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ ဇလွန်မြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့များတွင် စိုးရိမ်ရေမှတ်များအထက် ကျော်လွန်နေကြောင်း သတိပေး ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ဆိပ်သာမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ငသိုင်း ချောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြံ ပြုထားသည်။

ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲသဘာဝဘေး အန္တရာယ်များသည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ခပ်စိပ်စိပ် ဖြစ်ပေါ်လာခဲ့ပြီး ထိန်းချုပ်၍မရကြောင်း၊ အချိန်မရွေး၊ နေရာ ဒေသမရွေးဖြစ်ပေါ်နိုင်သည်။

သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက် မပြတ်တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံဒေသ အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးသက်လေပြင်းများနှင့် မိုးကြိုးမုန်တိုင်းများ ဂျပန်နိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပေါ်မည့်ဟု  ခန့်မှန်းထားသည်။ ယင်းအပြင် နိုင်ငံအလယ်ပိုင်းနှင့် ယခု သီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့သည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း များကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိသည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင် ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ရေဘေး သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ထောက်ပံ့မှုမြန်ဆန်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်သော ထုတ်ပြန်ချက်များကို အလေးထား ဆောင်ရွက်စေချင်ကြောင်း။







အခြားဆက်စပ်သတင်းများ