နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်စာသင်ကျောင်းများ ရာချီကာ ပြိုကျနိုင်ဖွယ်ရှိ

လန်ဒန် စက်တင်ဘာ ၆

အင်္ဂလန်တွင် ရာနှင့်ချီသည့် စာသင် ကျောင်းများသည် ပြိုကျနိုင်ခြေရှိပြီး ဘေးအန္တရာယ်ကင်းခြင်း မရှိကြောင်း ဗြိတိန်ပညာရေးဝန်ကြီးက စက်တင်ဘာ ၅ ရက်တွင် ပြောသည်။

ယခု စာသင်နှစ်အသစ် မစတင်မီ ရက်ပိုင်းအလိုတွင် ကျောင်းအဆောက် အအုံအချို့ ပြိုကျပျက်စီးမှုများဖြစ်ပွား ခဲ့သဖြင့် အိုမင်းပြီး ကြံ့ခိုင်မှု အားနည်း နေသည့် အဆောက်အဦများကို ပိတ် ထားရန် စာသင်ကျောင်း  ၁၀၄ ကျောင်း ကို အာဏာပိုင်များကဖျက်သိမ်းရန် အမိန့်ပေးထားကြောင်း သိရသည်။ 

ယင်းအဆောက်အဦများတွင် ၁၉၆၀ မှ ၁၉၈၀ ပြည့်နှစ်များအတွင်း နံရံများ၊ ကြမ်းပြင်များနှင့် မျက်နှာကြက်များတွင် အသုံးများ သည့် အပေါ့စားကွန်ကရစ် (RAAC) ပါဝင်ပြီး လက်ရှိတွင် ကြံ့ခိုင်မှု အားနည်းကာ အန္တရာယ်ရှိနေသည်ဟု ယူဆထားကြသည်။

စာသင်ကျောင်းအဆောက်အဦများ ပြိုကျနိုင်ခြေနှင့် ပတ်သက်၍ သတိပေး ချက်များကို ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် အစိုးရအနေဖြင့် အလေးအနက် လုပ် ဆောင်ခြင်းမရှိသဖြင့် ကလေးများကို အသက်အန္တရာယ် ဖြစ်စေကြောင်း အတိုက်အခံ လေဘာပါတီက စွပ်စွဲ ပြောဆိုထားသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ