နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်အရှေ့ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွား

မက်ဒရစ် စက်တင်ဘာ ၆

စပိန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ရှိ တာရာဂွန်နာနှင့် အယ်လ်ကာနား ဒေသများတွင် ရေကြီး ရေလျှံမှုများ ကြောင့် ဒေသခံများသည် နေအိမ်များမှ ထွက်မရဘဲ ဖြစ်နေကြောင်း အာဏာ ပိုင်များက စက်တင်ဘာ ၅ ရက်တွင် ပြောသည်။ 

ပြီးခဲ့သည့် ရက်သတ္တပတ်က ၂၄ နာရီကြာ မိုးသည်းထန်စွာဆက် တိုက် ရွာသွန်းပြီးနောက် ယခုကဲ့သို့ ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဒေသန္တရ အာဏာပိုင်များအနေဖြင့် ဒေသခံများကို မလိုအပ်ဘဲ အပြင်မထွက် ရန် အကြံပြုထားသည်။ 

ရေပြန်ကျသွားသည့် အချို့နေရာ များတွင်မူ ကယ်ဆယ်ရေးသမားများ တင်ကျန်နေသည့် ရွှံ့နွံများနှင့် အမှိုက် သရိုက်များကို ရှင်းလင်းဖယ်ရှားခြင်း များ လုပ်ဆောင်လျက် ရှိသည်။

ကာတာလိုနီးယားဒေသနှင့် အခြား ဒေသများတွင် မုန်တိုင်း သတိပေးချက် များ ထုတ်ပြန်ထားဆဲဖြစ်ကြောင်း စပိန်အမျိုး သား မိုးလေဝသ အေဂျင်စီက သတင်းထုတ်ပြန်ထားသည်။                                        

(ref: AFP)






အခြားဆက်စပ်သတင်းများ