နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုးရာဝတ်စားဆင်ယင်မှု ထိန်းသိမ်းစောင့်ရှောက်

ယဉ်ကျေးမှုဟုဆိုလျှင် စား၊ ဝတ်၊ နေရေး အရေးသုံးပါးမှအစ စာပေ၊ ဘာသာစကား၊ အနုပညာစသည်တို့အကျုံးဝင်သည်။ ထိုယဉ်ကျေးမှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီနိုင်ပါ။ ရာသီ ဥတုအခြေအနေ ပထဝီအနေအထားအရ ပြောင်းလဲတတ်သည့် သဘောရှိသည်။

 ကျွန်ုပ်တို့မြန်မာလူမျိုးတို့သည် ရေ၊ မြေ၊‌ တော၊ တောင် မတူ သောကြောင့် တိုင်းရင်းသားလူမျိုးတစ်ခုစီ၏ ရိုးရာဓလေ့ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိရာ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းအစဉ်အလာ များတွင် ရှမ်းလူမျိုးများသည်လည်း ရှမ်းရိုးရာယဉ်ကျေးမှုအက၊ အလှ၊ မွန်၊ မြန်မာ၊ ရခိုင်စသည်ဖြင့် လူမျိုးတိုင်း၏ ယဉ်ကျေးမှုအက၊ အလှအပြင် အစားအစားဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု များ ကွဲပြားခြားနားသည်။

 မြန်မာနိုင်ငံသားအားလုံး၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်း ရန် အရေးကြီးသည့်အတွက် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြပွဲ၊ ပြိုင်ပွဲများကို တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများ တွင် ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ရေရှည်တည်တံ့စေရန် ခေတ်လူငယ်များအတုယူဖွယ်ဖြစ်အောင် ကျင်းပကြခြင်းဖြစ်သည်။

 မြန်မာလူမျိုးများတွင် အခြားလူမျိုးများထက် ထူးခြားမွန်မြတ် သော ရိုးရာယဉ်ကျေးမှု များစွာရှိပါသည်။ မြန်မာတို့သည် ယဉ်ကျေး ကြသည်။ သိမ်မွေ့ကြသည်။ ဘာသာတရားကိုင်းရှိုင်းကြသည်။ သူတစ်ပါးအပေါ်တွင် စေတနာထားသည်။ ကူညီတတ်ကြသည်။ အားနာတတ်ကြသည်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ အဆင့် အတန်းကို အဆိုပါနိုင်ငံနှင့်လူမျိုးတို့၏  အမျိုးသားရေးစိတ်ဓာတ် ပြည့်ဝသော ယဉ်ကျေးမှုဖြင့် အကဲဖြတ်ကြသည်။

 မြန်မာနိုင်ငံ၏ယဉ်ကျေးမှုသည် အစဉ်အလာကြီးမားသကဲ့သို့ ဘိုးဘွားအစဉ်အဆက်ထိန်းသိမ်းခဲ့ကြသည်။ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေး မှုစရိုက် လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေးတာဝန်များသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ တာဝန်ပင် ဖြစ်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ