နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟာရီကိန်း အိုင်ဒါလီယာမုန်တိုင်း ဖလော်ရီဒါသို့ ဝင်ရောက်

ဖလော်ရီဒါ စက်တင်ဘာ ၁

ဟာရီကိန်းမုန်တိုင်း အိုင်ဒါလီယာ သည် ဖလော်ရီဒါပြည်နယ် အနောက် မြောက်ဘက် ကမ်းရိုးတန်းတွင် အလွန် အန္တရာယ်များသော နံပါတ်သုံး အမျိုး အစားမုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်း သို့ ဝင်ရောက်နေပြီဖြစ်သည်။

ဟာရီကိန်း အိုင်ဒါလီယာသည် ဖလော်ရီဒါပြည်နယ်သို့ မုန်တိုင်းလှိုင်း လုံးကြီးများနှင့်အတူ ကပ်ဘေးအပျက် အစီးများ သယ်ဆောင်လာနိုင်သဖြင့် ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်း ဒေသခံများအား ထွက်ခွာရန် အမိန့် ထုတ်ထားကြောင်း သိရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ကလည်း အရေးပေါ်အဖွဲ့များ ကို မုန်တိုင်းဒဏ်သင့်ဒေသများသို့ အဆင်သင့် ဖြန့်ကြက်ချထားကြောင်း ပြောကြားသည်။

ဖလော်ရီဒါပြည်နယ် မြောက်ပိုင်း တွင် အိမ်ခြေ ၂၆၀,၀၀၀ ကျော်သည် လက်ရှိတွင် မုန်တိုင်းကြောင့် လျှပ်စစ် မီးပြတ်တောက်လျက် ရှိသည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ