နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
AGD GO Application အသုံးပြုကာ ဘဏ်ဝန်ဆောင်မှုများ အသုံးပြုနိုင်

ရန်ကုန်၊ ဇွန် ၂၄


ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်နှင့် ဘဏ်ခွဲများတွင် လူအများအပြား စုစည်းစောင့်ဆိုင်းနေရမှုများ လျော့ချပေးနိုင်ရန်အတွက် AGD ဘဏ်မှ AGD GO ဝန်ဆောင်မှုကို မိတ်ဆက်လိုက် ပြီဖြစ်ကြောင်း သိရသည်။

AGD GO ဝန်ဆောင်မှုတွင် ကွန်ပျူတာအစား Tablet များအသုံးပြုပြီး Customer များပြုလုပ်လိုသော ဝန်ဆောင်မှုများကို AGD ဘဏ် ဝန်ထမ်းများက Tablet တွင်ထည့်သွင်းထားသော AGD GO Application ကို အသုံးပြုကာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။


AGD GO Application ဖြင့် ဝန်ဆောင်မှုပေးနိုင်သော လုပ်ဆောင်ချက်များမှာ AGD ဘဏ်အကောင့် ထဲသို့ငွေထည့်ခြင်း (Deposit)၊  AGD ဘဏ်အကောင့်ထဲမှ ငွေထုတ်ခြင်း (Withdrawal)၊ AGD ဘဏ်အကောင့်မှ အခြား AGD ဘဏ် အကောင့်တစ်ခုသို့ငွေလွှဲခြင်း (Transfer)၊ AGD ဘဏ်အကောင့်ထဲရှိ ငွေစာရင်းလက်ကျန်အား စစ်ဆေးခြင်း (Balance Inquiry)၊ ဘဏ်စာရင်းရှင်းတမ်း အသေးစားကြည့်ရှုနိုင်ခြင်း (Mini-Statement) စသည်တို့ကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။                        

(WP)






အခြားဆက်စပ်သတင်းများ