ဘိုဂိုတာ သြဂုတ် ၃၁
ကိုလံဘီယာနိုင်ငံတွင် အစိုးရ က လောင်စာဆီထောက်ပံ့မှု ဖြတ်တောက်လိုက်သည့်အတွက် ဓာတ်ဆီ ဈေးနှုန်းများ သိသာစွာ မြင့်တက် လာပြီး ဈေးနှုန်းမြင့်တက်မှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ နိုင်ငံ တစ်ဝှမ်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကိုလံဘီယာ အစိုးရ၏ ဆုံးဖြတ် ချက်ကြောင့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုသည် အသေးစား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပိုမိုခက်ခဲစေပြီး စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ဆန္ဒပြသူများက ပြောသည်။
ကိုလံဘီယာအစိုးရသည် လစဉ် ထောက်ပံ့ကြေးများကို လျှော့ချ လိုက်ခြင်းကြောင့် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ဓာတ်ဆီဈေးနှုန်း သည် တစ်ဂါလန်လျှင် ပီဆို ၉၀၀၀ (အမေရိကန်ဒေါ်လာ ၂.၅၀) မှ လက်ရှိ ပီဆို ၁၄၀၀၀ (ဒေါ်လာ ၃.၄၀) အထိ မြင့်တက်လာခြင်း ဖြစ်သည်။
ကိုလံဘီယာ အစိုးရအနေဖြင့် ယခုနှစ်ကုန်တွင် အမေရိကန်၏ကုန် ဈေးနှုန်းအတိုင်း ဓာတ်ဆီ တစ်ဂါ လန်လျှင် ပီဆို ၁၆၀၀၀ အထိ တိုးမြှင့် ရန် ရည်မှန်းထားသော်လည်း ကိုလံ ဘီယာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခ လစာသည် အမေရိကန်ထက် လေးဆနိမ့် ကျလျက်ရှိ ကြောင်းဆန္ဒပြသူများက ပြောသည်။
လက်ရှိတွင် တက္ကစီများအတွက် ဓာတ်ဆီဈေးနှုန်းလျှော့ချပေးရေး သဘောတူညီချက် ရရှိထားသော် လည်း ပို့ဆောင်ရေးလုပ်သားများ၊ ယာဉ်မောင်း များနှင့် အသေးစား လုပ်ငန်းရှင်များမှာမူ အကူအညီ လိုအပ်နေသေးကြောင်း အတိုက်အခံ အဖွဲ့များက ဆိုသည်။
(ref; AP)