ဘရပ်ဆဲလ် သြဂုတ် ၃၀
ဥရောပသမဂ္ဂသည် ၂၀၃၀ ပြည့်နှစ် တွင် အဖွဲ့ဝင်နိုင်ငံအသစ်များ လက်ခံမည်ဖြစ်ကြောင်း ဥရောပ ကောင်စီ ဥက္ကဋ္ဌ ချားလ်မိုက်ကယ် က သြဂုတ် ၂၉ ရက်တွင် ပြောသည်။
အနောက်ဘော်လ်ကန် ခြောက်နိုင်ငံ ဖြစ်သည့် အယ်လ်ဘေးနီးယား၊ဘော့ စနီးယား၊ ကိုဆိုဗို၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယားနှင့်ဆား ဘီးယားတို့သည် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် အဆင့်ဆင့် လုပ်ငန်း စဉ်များ လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းကဆို သည်။
ပြီးခဲ့သည့်နှစ်က မော်လ်ဒိုဗာနှင့် ယူကရိန်းတို့ကို အဖွဲ့ဝင်လောင်းအဖြစ် သတ်မှတ်ပေးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် လွတ်လပ်ပြီး တရားရေးမဏ္ဍိုင် ရှိစေရန် ၊ ဂိုဏ်းဖွဲ့ရာဇဝတ်မှုများနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက် ရန်နှင့်မိမိတို့၏ နိုင်ငံခြားရေး မူဝါဒကို EU အဖွဲ့ဝင် နိုင်ငံများနှင့် ချိန်ညှိရန် စသည်တို့ကို အကောင်အထည်ဖော် ရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်ကပြောသည်။
ထို့ပြင် နှစ်နိုင်ငံ ပဋိပက္ခ ရှိသူများ အနေဖြင့် အဖွဲ့ထဲမဝင်မီ ဖြေရှင်းရန် လည်း တိုက်တွန်းထားပြီး ဥရောပ ကော်မရှင်၏ ချဲ့ထွင်မှု အစီအစဉ် တစ်ရပ်ကိုလည်း လာမည့် အောက်တို ဘာလတွင် ချပြရန် မျှော်မှန်းထား သည်ဟုဆိုသည်။
ယင်းအစီအစဉ်သည် အနာဂတ် အဖွဲ့ဝင်လောင်းလျာများကို EU အဖွဲ့ အစည်း အချို့နှင့် မူဝါဒများတွင် အပြည့် အဝပါဝင်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားနိုင်စေမည့် နောက်ထပ် အသေး စိတ် အချက်အလက်များ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ဥရောပ ကောင်စီ ဥက္ကဋ္ဌက ပြောသည်။
(ref: AFP)