နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် အွန်လိုင်းအသုံးပြုသူ သန်းတစ်ထောင်ကျော် စံချိန်တင်

  ပေကျင်း၊သြဂုတ် ၃၀

 တရုတ်နိုင်ငံတွင် ၂၀၂၃ ဇွန်လအထိ အင်တာနက်အသုံးပြုသူ ၁ ဒသမ ၀၇၉ ဘီလီယံနှင့် ကမ္ဘာ တစ်ဝန်းစံချိန်တင်လျက်ရှိကြောင်း သိရသည်။ 

 ယခင်နှစ်က ဒီဇင်ဘာအထိ အင်တာနက်သုံးစွဲသူ ၁၁ ဒသမ ၀၉ သန်း တိုးလာပြီး တရုတ်လူဦးရေ၏ ၇၆ ရာခိုင်နှုန်းကျော်သည် အင်တာနက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သြဂုတ် ၂၉ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် ပထမနှစ်ဝက်တွင်မူ တရုတ်နိုင်ငံအတွင်း အင်တာနက် အသုံးပြုမှုကို အွန်လိုင်းကားငှားခြင်း၊ ခရီးသွားဘွတ်ကင်လုပ်ခြင်းနှင့် စာပေ ဖတ်ရှုခြင်းများအတွက် အသုံးပြုမှု များပြားလာပြီး စာတိုပေးပို့ခြင်းနှင့် အွန်လိုင်း ဗီဒီယိုကြည့်ရှုမှုများလည်း များပြားလာ ကြောင်း သိရသည်။

အင်တာနက်ဖွံ့ဖြိုးမှုသည် တရုတ် နိုင်ငံ၏ e-commerce လုပ်ငန်း တိုးတက်မှုကိုလည်း မြှင့်တင်ပေးပြီး ဇွန်လအထိ တရုတ်နိုင်ငံတွင် အွန်လိုင်း ဈေးဝယ်သူ ၈၈၄ သန်းရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလနှင့်ယှဉ်ပါက ၃၈ ဒသမ ၈ သန်း မြင့်တက်လာကြောင်း သိရသည်။

အွန်လိုင်းဈေးဝယ်မှုသည်အင်တာ နက်အသုံးပြုမှု စုစုပေါင်း၏၈၂ ရာခိုင်နှုန်းအထိ ရှိလာပြီး ယခု ပထမ နှစ်ဝက်အတွင်း နိုင်ငံတွင်း တိုက်ရိုက် ထုတ်လွှင့်ရောင်းချမှုနှင့်အတူ အွန် လိုင်းလက်လီရောင်းချမှုသည် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၉၈၀ အထိ မြင့်မားလာကာ နှစ်အလိုက် တိုးတက်မှုနှုန်းအနေဖြင့် ၁၃ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

(ref: China Daily)






အခြားဆက်စပ်သတင်းများ