နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခွာနာ၊ လျှာနာရောဂါသတိပြု

လူသားတို့၏နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စာရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်များအနက် နေ့စဉ်အဓိကလိုအပ်ချက်မှာ စားရေရိက္ခာဖြစ်သည်။ နေ့စဉ် တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံ ရေးမှာ အလွန်အရေးကြီးသောအချက်ဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ခန့်သော ပြည်သူပြည်သား များ စားနပ်ရိက္ခာပြည့်စုံစွာစားသုံးနိုင်ရေး ထုတ်လုပ်ပေးနေ သည်မှာ တောင်သူလယ်သမားဦးကြီးများပင်ဖြစ်သည်။

 တောင်သူလယ်သမားကြီးတို့နှင့်တွဲဖက်၍ ရုန်းကန်လုပ် ဆောင်ရသော လယ်ယာမြေလုပ်ငန်းများတွင် ကျွဲ၊နွားများ၏ စွမ်းဆောင်ချက်များကလည်း အရေးပါသည်။ ခွာနာ၊ လျှာနာ ရောဂါသည်  ခွာကွဲတိရစ္ဆာန်များတွင်  ဖြစ်ပွားလေ့ရှိပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။

ယခုကဲ့သို့ရာသီအကူးအပြောင်းနှင့်စိုစွတ်သောကာလ များတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို မြို့နယ်များ၌ ဩဂုတ် ၁၈ ရက် မှစတင်ကာ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။

 မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ က တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ကာကွယ်ဆေးများထိုးနှံပေးသကဲ့သို့  တောင်သူများမွေးမြူ ထားရှိသည့် ကျွဲ၊နွား၊ ဝက်များကို ကာကွယ်ဆေးအခမဲ့ထိုးနှံ ပေးခြင်း၊ နွားခြံများနှင့်ဝက်ခြံများကို  ပိုးသတ်ဆေးဖျန်းပေး ခြင်း၊ နို့စားနွားမ ရွေးချယ်ခြင်း၊ မွေးမြူရေးခြံမြေနေရာ ရွေးချယ်ခြင်း၊ အဆောက်အအုံလိုအပ်ချက်များ၊ မျိုးမြှင့် သားစပ်ခြင်း၊ နွားမများ၏ ဇီဝကမ္မဗေဒတိုနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း များ ဆောင်ရွက်ကြသည်။

 ရောဂါဖြစ်ပွားသောတိရစ္ဆာန်များတွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့ ဆောလျင်စွာ သတင်းပေးပို့၍ ပူးပေါင်းဆောင်ရွက်သင့်သည်။

 သို့ဖြစ်ရာ တိရစ္တာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်ဆောင်ရွက်မှုများသည် မွေးမြူထားရှိသည့် လယ်ယာဦးကြီးတို့အတွက် အထောက်အပံ့ဖြစ်ရာ ကြိုတင် ကာကွယ်ရေးအတွက် သတိပြုလိုက်နာဆောင်ရွက်စေ ချင်ကြောင်း။   ။






အခြားဆက်စပ်သတင်းများ