နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျွဲကောသီးစိုက်ခင်းများတွင် ငရုတ်ညှပ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစား တောင်သူများ ဝင်ငွေကောင်းနေ

မိုင်းယောင်း ဇွန် ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ကျွဲကောသီးစိုက်ခင်းများတွင် ငရုတ် ညှပ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစားကာ ဝင်ငွေကောင်းလျက်ရှိကြောင်း ကျွဲကောသီး စိုက်တောင်သူများထံမှ သိရသည်။


မိုင်းယောင်းမြို့နယ်တွင် ဒေသ၏ရာသီဥတုနှင့် ကိုက်ညီပြီးအသီးများ၍ ဈေးကောင်းရရှိသောမိုင်းယောင်း ဒေသမျိုး မိုးထောင်ငရုတ်(အစပ်)ကို ကျွဲကောသီးစိုက်ခင်းများတွင် ကြားညှပ်စိုက်ပျိုးသည့်ပြင် လယ်ကန်သင်း ဘေးများတွင်လည်း စိုက်ပျိုးကြသည်။


မိုးထောင်ငရုတ် တစ်ပင်လျှင် အဆုပ်သုံးလေးဆယ်ခန့်သီးပြီး တစ်ဆုပ်လျှင် ငရုတ်သီးတောင့် ၁၅ တောင့်ခန့်သီးကြောင်း၊ တစ်ကီလို ကျပ် ၂၀၀၀ ထိရရှိကာ တာချီလိတ်၊ ကျိုင်းတုံဈေးကွက်များကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။                                                 


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ