နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ထုမြို့တွင် ငှက်ပျောစိုက်ပျိုးသူများ တစ်ပိုင်တနိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာ

ကျောက်ထု  ဇွန် ၂၄


ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဒေသလယ်ဆောကျေးရွာရှိ ဥယျာဉ် ခြံမြေများတွင် ငှက်ပျောပင်များကို တစ်ပိုင်တနိုင်စိုက်ပျိုးကြရာမှ ယခုအခါစီးပွားဖြစ်စိုက်ပျိုးလာကြသည်ကို တွေ့ရသည်။

 ငှက်ပျောပင်သည် စိုက်ပျိုးပြီး တစ်နှစ်ခွဲအကြာတွင် စတင်၍ အသီးခိုင်စထွက်ကာ   အောင်မြင်သော ငှက်ပျောသီးခိုင်တစ်ခိုင်လျှင် ၁ဝ ဖီး အထိပါဝင်ပြီး တစ်ခိုင်လျှင် ဥယျာဉ်သို့  လာရောက်ဝယ်ယူသူများကို အောင်မြင်သည့် ငှက်ပျောသီးတစ်ဖီးကို  ကျပ်၂ဝဝဝန်းကျင်ဖြင့် ရောင်းချကြကြောင်းလယ်ဆောကျေးရွာမှ ငှက်ပျောစိုက်တောင်သူ တစ်ဦးက ပြောသည်။


ကျောက်ထုဒေသရှိ တောင်သူအများစုမှာ ငှက်ပျောစိုက်ပျိုးရာတွင်အများအားဖြင့် ရခိုင်ငှက်ပျော၊ သီးမွှေးငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောမျိုးများကို စိုက်ပျိုးမှုများသည့်အပြင် စိုက်ပျိုးရေးဌာန၏ အကြံပြုမှုဖြင့် အခြားအရပ်ဒေသမှ ငှက်ပျောမျိုးများ သယ်ယူကာ စမ်းသပ်စိုက်ပျိုးမှုလည်း ရှိနေသည်။


ဥယျာဉ်ခြံမြေများမှထွက်ရှိလာသောငှက်ပျောသီးများကို ဒေသတွင်းရောင်းချခြင်းဖြင့်လည်းကောင်း၊  ပခုက္ကူ၊ မင်းတပ်မြို့များသို့လည်းကောင်း စျေးကွက်များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။


မိုးခါး






အခြားဆက်စပ်သတင်းများ