နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပလိပ်မြို့မှ မြန်မာ့ရိုးရာလက်မှုလွယ်အိတ်ရက်ကန်းလုပ်ငန်း အလုပ်သမားမရှိ၍ ရပ်ဆိုင်းထားရ

ပလိပ် ဇွန် ၂၄


မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပလိပ်မြို့တွင်မြန်မာ့ရိုးရာ လက်မှု အထည်ဖြစ်သည့် လွယ်အိတ်ရက်လုပ်သည့်လုပ်ငန်းများ အလုပ်သမားမရှိသည့်အတွက်   ရပ်ဆိုင်းထားရ ကြောင်း  လွယ်အိတ် လုပ်ငန်းပြုလုပ်သူ တစ်ဦးကပြောသည်။


လွယ်အိတ်ရက်ကန်းစင်တွင် သိုးမွေးချည်ကိုအဓိက အသုံးပြုပြီး ကိုယ်တိုင်လိုအပ်သည့် အရောင်နှင့် ဒီဇိုင်းအတိုင်း ကိုယ်တိုင်ရက်လုပ်ကြသည်။ လွယ်အိတ် ရက်ကန်း စင်တစ်စင်လျှင် လွယ်အိတ် ၁၅ လုံးရရှိပြီးတစ်နေ့လျှင် လူတစ်ဦး လွယ်အိတ်သုံးလုံးမှ ငါးလုံးအထိပြီးစီးသည်။ 


လွယ်အိတ်ရက်လုပ် ခြင်းလုပ်ငန်းကိုကျောင်းဖွင့်ခါနီး တပေါင်း၊ တန်ခူးလများမှစကာကဆုန်၊နယုန်လအထိ တွင်ကျယ်စွာပြု လုပ်ရ ပြီးကျန်သည့်လများတွင်ပုံမှန်ရက်လုပ်ကြရသည်။  လက်ရှိကာလတွင်လွယ်အိတ်ရက် ကန်းလုပ်ကိုင် သည့် အလုပ်သမားရှားပါးသည့်အတွက် လွယ်အိတ်တစ်လုံးရက်ခ ငွေကျပ်၈ဝဝပေးသည့်တိုင်အောင် လွယ်အိတ်ရက်လုပ်သည့် အလုပ်သမားမရှိသည့်အတွက် လွယ်အိတ်လုပ်ငန်းကို ရပ်ဆိုင်းထားရကြောင်း သိရသည်။                                                                                                                


ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ