နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီကွေဒေါ ရွေးကောက်ပွဲ လုံခြုရေးတစ်သိန်းကျော် ဖြန့်ချ

ကွီတို ဩဂုတ် ၂၂

အီကွေဒေါနိုင်ငံ ရွေးကောက်ပွဲကို သြဂုတ် ၂၀ ရက်က ကျင်းပရာ လုံခြုံရေးအင်အား တစ်သိန်းအထိ ဖြန့်ကြက်ချထားကြောင်း သိရသည်။

အီကွေဒေါတွင် သြဂုတ် ၉ ရက်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန် အာရုံစိုက်မဲဆွယ်ခဲ့သည့် သမ္မတ လောင်း ဖာနန်ဒို ဗီလာဗီ စန်ချီအိုသည် မဲဆွယ်ပွဲတစ်ခုတွင် သေနတ်နှင့် ပစ်ခတ် ခံရခြင်းကြောင့်ယခု ရွေးကောက်ပွဲ ကျင်းပချိန်တွင် လုံခြုံရေးအင်အား တစ်သိန်းအထိ ဖြန့်ချထားခြင်းဖြစ် ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ရှေ့ဆုံးကပြေး နေသည့် သမ္မတလောင်း လူအီဆာဂွန် ဇာလက်က မူ ရွေးကောက်ပွဲတွင် သူမသာ အနိုင်ရပါက နိုင်ငံ့စီးပွားရေး အားကောင်းစေရန် နိုင်ငံတကာ အရန် ငွေ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကို အသုံးပြုမည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။

အီကွေဒေါတွင် အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားရှိသူတိုင်း မဖြစ်မနေ မဲပေးရပြီး လွှတ်တော်အမတ်များကို ရွေးချယ်ရကာ ကိုယ်စား လှယ်လောင်း တစ်ဦးအနေဖြင့်  ပြိုင်ဘက်ကို ပြတ်ပြတ်သားသား  အနိုင်မရပါက အောက်တိုဘာ ၁၅ ရက်တွင် ဒုတိယ အကျော့ ဆက်လက်ယှဉ် ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။     

(ref: AP)






အခြားဆက်စပ်သတင်းများ